မွန်တွင် ငရုတ်သီးမှုန့် အမှတ် တံဆိပ် ၆၁ မျိုး သိမ်းယူဖျက်ဆီးမည်

0
394

မွန်ပြည်နယ် ဈေးကွက်အတွင်း စားသုံးရန် မသင့်သော ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၆၁ မျိုးကို သိမ်းယူဖျက် ဆီးသွားမည်ဟု မွန်ပြည်နယ် အစား အသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲ ရေး ဦးစီးဌာနထံမှ သိရသည်။

ပြည်နယ်ဈေးကွက်အတွင်း ရောင်း ချနေသည့် ငရုပ်သီးမှုန့် အမှတ်တံဆိပ် ၇၉ မျိုးနမူနာကို စားသုံးရန်သင့် မသင့် နေပြည်တော် တွင် စစ်ဆေးမှုပြုလုပ်ရာ ငရုတ်သီးအမှတ်တံဆိပ် ၆၁ မျိုးသည် စားသုံးရန် မသင့်သော ဗ်ူအေသထasြ၁ ပါဝင်မှုရှိသည်ကို စစ်ဆေးတွေ့ရှိ ထား သည်ဟု မွန်ပြည်နယ် အစားအသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီး ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဖြူဖြူခင်က ပြောသည်။

နေပြည်တော်က အကြောင်းကြား စာ နိုဝင်ဘာ ၂၉ ရက်နေ့ ကျွန်မတို့ဆီ ရောက်လာပါတယ်၊ ဘယ်တော့ သိမ်းယူ ဖျက်ဆီး မယ်ဆိုတာ အတိအကျ ပြော လို့မရဘူး၊ ကျွန်မတို့ ပြောလိုက်ရင် ရောင်းချသူတွေက ကျွန်မတို့ စစ်ဆေး သိမ်းယူတဲ့ နေ့မှာ မရောင်းဘဲ ထား လိုက်မယ်ဆိုတော့ လျှို့ဝှက်ထားရမယ်ဟု ၎င်းက ပြောသည်။

၎င်းပြင် စားသုံးရန်မသင့်သည့် ငရုတ်သီးမှုန့် အမှတ်တံဆိပ်များ ကိုလည်း သိမ်းယူမှု မပြုလုပ်ရသေးသည့် အတွက် အမှတ်တံဆိပ်အမည်ကိုလည်း အတိ အကျမပြောနိုင်သေးဟုလည်း ပြောသည်။

ယခုသိမ်းယူဖျက်ဆီးပစ်မည့် ငရုတ်သီးမှုန့် အမှတ်တံဆပ် ၆၁ မျိုး သည် မော်လမြိုင်မြို့တွင် အများဆုံး ရောင်းချနေကြောင်း သိရသည်။

ဗ်ူအေသထasြ၁ ပါဝင်သည့် ငရုတ်သီးမှုန့် စားသုံးမိခြင်းဖြင့် အသဲ ခြောက်ရောဂါ၊ အသဲကင်ဆာရောဂါ အပြင် အသဲနှင့် သက်ဆိုင်သည့် ရောဂါ များဖြစ်စေသည်ဟုဒေါက်တာ ဖြူဖြူခင် က ပြောသည်။

မွန်ပြည်နယ် ဈေးကွက်အတွင်းမှ နမူနာယူပြီး စစ်ဆေးမှုပြုလုပ်ထားသည့် ငရုတ်သီးမှုန့် ၇၉ မျိုးအနက် FDA (အစားအသောက် နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ဦးစီးဌာန) ထောက်ခံချက် မရှိဘဲ ရောင်းချနေသည့် ငရုတ်သီးမှုန့် အမှတ်တံဆိပ်၇၆မျိုးရှိသည်ဟု မွန်ပြည် နယ် အစားအသောက်နှင့် ဆေးဝါးကြီး ကြပ်ကွပ်ကဲရေး ဦးစီးဌာနထံမှ သိရသည်။