အခြေခံပညာကျောင်းသားများ ဆိုင်ကယ်မမောင်းရ

0
446

တိုင်းအတွင်းရှိ အခြေခံပညာ ကျောင်းသားများ အသက်မပြည့်ဘဲ ဆိုင်ကယ်မောင်းနှင်မှုများကို သက်ဆိုင် ရာ ကျောင်းမှ ဆရာ၊ ဆရာမများ၏ အကူအညီဖြင့် စောင့်ကြည့်တားမြစ် သွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း ဒေသကြီး ပညာရေးမှူးရုံးထံမှ သိရသည်။

ကျောင်းများတွင် ကျန်စစ်သား၊ ဘုရင့်နောင် ကဲ့သို့သော ဆရာ၊ ဆရာမ အသင်း ၅ သင်းရှိပြီး တစ်ရက်လျှင် တစ်သင်းနှုန်းဖြင့် နေ့စဉ် ကျောင်းအဝင် ဂိတ်တွင် နေ့တိုင်း စောင့်ကြည့်သွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာ ရေးမှူး ဦးတင်ဌေးက ဆိုသည်။

ဆိုင်ကယ်မောင်းနှင်သည့် ကျောင်း သားကို မှတ်သားထားမည်ဖြစ်ပြီး သက် ဆိုင်ရာ အတန်းပိုင်ဆရာမှတစ်ဆင့် ခေါ် ယူဆွေးနွေး တားမြစ်ခြင်း၊ လိုအပ်ပါက ကျောင်းသားမိဘကို ခေါ်ယူဆွေးနွေး တားမြစ်ခြင်းတို့ ပြုလုပ်သွားမည်ဖြစ် ကြောင်း ဦးတင်ဌေး ကပြောသည်။

ဆရာ့ဝတ္တရားအရ ကလေးတွေ ဘေးရန်ကင်းအောင် စောင့်ကြည့် ဆုံးမ ဖို့အတွက်ပါ ဟု ဦးတင်ဌေးက ဆိုသည်။

ယင်းအပြင် ကျောင်းသား မောင်း နှင်သည့်ဆိုင်ကယ်များကို ကျောင်း ဧရိယာအနီးတစ်ဝိုက် (ကျောင်းဝင်း ပြင်ပ) တွင် ထားရှိခြင်းမရှိစေရန် သက် ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ၎င်းကပြောသည်။

ကျောင်းသားတွေ ဆိုင်ကယ် စီး တာကို တားဆီးသင့်နေတာက ကြာပြီ၊ လုပ်တာက နောက်ကျနေသေးတယ် ဟု ထားဝယ်မြို့ ဇမ္ဗူသီရိ အရေးပေါ် လူနာသယ်ဆောင်ရေးအဖွဲ့မှ တာဝန်မှူး ဖြစ်သူ ဦးသန်းထိုက်က ဆိုသည်။

လက်ရှိတွင် ကျောင်းသားများမှာ ဆိုင်ကယ်တစ်စီးကို လူသုံးဦးစီးနင်းခြင်း၊ လူအသွားအလာ ရှုပ်ထွေးနေချိန် တွင် အရှိန်ပြင်းစွာမောင်းနှင်ခြင်းများကို ပြုလုပ်လေ့ရှိသည့်အတွက် အန္တရာယ် များကြောင်း ဦးသန်းထိုက်က ပြောသည်။

ထားဝယ်ဒေသတွင် ဆိုင်ကယ်ကို ပရမ်းပတာမောင်းနှင်သွားလာသူ အများ စုမှာ လူငယ်များဖြစ်နေသည်ကို တွေ့ရ သည်။