စိုက်ပျိုးရေးသုံးဆေးများ တရားမဝင် ရောင်းချက အရေးယူမည်

0
476

ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ အစ ရှိသည့် စိုက်ပျိုးရေးသုံးဆေးများ တရား မဝင်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိ ပါက အရေးယူ သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ ရောင်းချရန်အတွက် ရောင်းချခွင့်လိုင်စင်များ သီးခြားစီ ရှိရန် လိုအပ်ပြီး လိုင်စင်မရှိဘဲ ရောင်းချပါက သက်ဆိုင်ရာ ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်းစိုက်ပျိုးရေးဦးစီးဌာန ဒု-တိုင်းဦးစီးမှူးက ဆိုသည်။

ယင်းအပြင် ရောင်းချခွင့်လိုင်စင်ရှိသည့်ဆိုင်တွင် တရားမဝင် ပိုးသတ် ဆေးနှင့် ဓာတ်မြေဩဇာများ ရောင်းချခွင့် မရှိကြောင်း ဒု-တိုင်းဦးစီးမှူးက ပြော သည်။

“ပိုးသတ်ဆေးဆိုလည်း ဘူးခွံမှာ ထုပ်ပိုးပုံစံနဲ့အညီ မြန်မာစာ ပါမှရမယ်”ဟု စိုက်ပျိုးရေးဦးစီးဌာန ဒု-တိုင်း ဦးစီးမှူး ဦးအောင်ကျော်ငြိမ်းက ဆို သည်။

စိုက်ပျိုးရေးသုံးဆေးများ တရား မဝင်ရောင်းချခြင်းနှင့် ပတ်သက်၍ သက် ဆိုင်ရာဌာန(ရဲတပ်ဖွဲ့၊ စည်ပင်၊ စိုက်ပျိုး ရေး စသဖြင့်) များပါဝင်သည့် စစ်ဆေး ရေးအဖွဲ့ကို အောက်တိုဘာလအတွင်းက ကော့သောင်းခရိုင်တွင် ဖွဲ့စည်းထားပြီး ထားဝယ်နှင့် မြိတ်ခရိုင်တွင် ဖွဲ့စည်းရန် ကျန်နေသေးကြောင်း ၎င်းက ပြောသည်။

ထားဝယ်နှင့် မြိတ်ခရိုင်တို့တွင် ဌာနများပါဝင်သည့် စစ်ဆေးရေးအဖွဲ့ မဖွဲ့နိုင်သေးသော်လည်း စိုက်ပျိုးရေး ဦးစီးဌာနက လစဉ် ပုံမှန်စစ်ဆေးနေပြီး တရားမဝင်ရောင်းချနေသည့် ပမာဏ နည်းပါးပါက မှတ်ချက်ဖြင့် ရုံးချုပ်ကို မှတ်တမ်းပေးပို့ကာ လိုင်စင် ပြုလုပ်ရန် စည်းရုံး လုပ်ဆောင်နေကြောင်း ဒု- တိုင်းဦးစီးမှူးက ဆိုသည်။

“လိုင်စင်မရှိတဲ့ဆိုင်တွေကို လုပ်ဆောင်လာအောင် စည်းရုံးလုပ် ဆောင်နေတာတွေ တွေ့ရတယ်၊ တော် တော် သဘောကျ မိတယ်”ဟု ထား ဝယ်မြို့တွင် စိုက်ပျိုးရေးသုံးဆေးများရောင်းချနေသည့် ကသစ်မျိုးစေ့ဆိုင်မှ ပိုင်ရှင်ဖြစ်သူ ဦးကျော်မင်းက ပြော သည်။

တရားဝင် ပိုးသတ်ဆေးရောင်းချခွင့် လိုင်စင် ပြုလုပ်ထားသည့်ဆိုင်များမှာ ထားဝယ်မြို့နယ်တွင် ၅ ဆိုင်၊ သရက် ချောင်းတွင် ၁ ဆိုင်၊ ရေဖြူတွင် ၃ ဆိုင်၊ မြိတ်တွင် ၁၃ ဆိုင်၊ ပုလောတွင် ၇ ဆိုင်၊ တနင်္သာရီတွင် ၇ ဆိုင်၊ ကော့သောင်းမြို့ နယ်တွင် ၅ ဆိုင်နှင့် တိုင်းအတွင်း ဓာတ် မြေဩဇာဆိုင် ၈၄ ဆိုင်ခန့်ရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မှတ်တမ်းအရ သိရသည်။