ထားဝယ်ခရိုင်တွင် လျှပ်စစ်ထုတ်လုပ်ရေး တင်ဒါခေါ်

0
368

ထားဝယ်ခရိုင်တွင် ဖြန့်ဖြူးမည့် လျှပ်စစ်မီးထုတ်လုပ်ရေးအတွက် လုပ် ကိုင်လိုသည့် ဒေသခံကုမ္ပဏီများကို နိုဝင်ဘာလလယ်က တင်ဒါခေါ်ထား ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိထားဝယ်ခရိုင်တွင် လျှပ်စစ် ကို Adman Power Utility (APU)ကုမ္ပဏီက   ထုတ်လုပ်လျက်ရှိပြီး ထပ်မံ လိုအပ်သည့် လျှပ်စစ်ကို ဖြန့်ဖြူးရေး ကုမ္ပဏီဖြစ်သည့် DDPC က ဒီဇယ်သုံး မီးစက်များဖြင့်ထုတ်လုပ်လျက် ရှိကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။

သဘာဝဓာတ်ငွေ့ ကုဗပေ တစ် သန်းမှ လျှပ်စစ်ထုတ်လုပ်သည့် APU ကုမ္ပဏီမှာ လာမည့် ၂၀၁၇ ခုနစ် ဇွန်လ ကုန်တွင် သက်တမ်းကုန်မည်ဖြစ်သည့် အတွက် ထုတ်လုပ်မည့်ကုမ္ပဏီကို တင် ဒါခေါ်ခြင်းဖြစ်ကြောင်း ဦးကြည်လှိုင်က ပြောသည်။

“ အခုကAPU က လည်းထုတ် တယ်။ DDPC ကလည်းထုတ်တယ် ဆိုတော့ ထုတ်လုပ်တဲ့ ကုမ္ပဏီလည်း တစ်ခုတည်းဖြစ်အောင်လို့ပါ။ APU ကလည်း သက်တမ်းကုန်တော့မှာဆို တော့” ဟု ဝန်ကြီး ဦးကြည်လှိုင်က ပြော သည်။

လျှပ်စစ် ထုတ်လုပ်ရေးတင်ဒါ အ တွက် ကုမ္ပဏီ ၄ ခု စာရင်းပေးထားပြီး မည်သည့်အချိန်တွင် တင်ဒါဖွင့်မည် ဆိုသည်ကိုမူ မပြောနိုင်သေးဟု ဦးကြည် လှိုင်က ဆိုသည်။

“ ထုတ်လုပ်၊ သယ်ယူ၊ ဖြန့်ဖြူးဖို့ အတွက် တိုင်းအစိုးရနဲ့ ငါးနှစ်စာချုပ် ချုပ်ထားတယ်။ ဒါပေမဲ့ အခုလို တင်ဒါ ပြန်ခေါ်မယ်ဆိုတော့ အံ့ဩမိတယ်” ဟု DDPC လျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ဇော်ဟိန်းက ပြော သည်။

လျှပ်စစ်လုပ်ငန်းလုပ်ပိုင်ခွင့် စာချုပ်အရ ၂၀၂၀ အထိ DDPC ကုမ္ပဏီ က လုပ်ကိုင်ခွင့်ရထားသည်ဟု ၎င်းက ဆိုသည်။

၎င်းအပြင် လက်ရှိ ထုတ်လုပ်လျက် ရှိသည့် လျှပ်စစ်ဓာတ်အားခွဲစက်များ ငှားရမ်းခကို ဗဏ့ ကုမ္ပဏီသို့ DDPC ကုမ္ပဏီကပေးချေရပြီး ထုတ်လုပ်မှု ယူနစ်တိုင်းအတွက် အခွန်ကိုလည်း နိုင်ငံတော်အစိုးရသို့ DDPC ကုမ္ပဏီ ကသာ ပေးသွင်းလျက်ရှိသည့်အတွက် လက်ရှိထုတ်လုပ်နေသည့် ကုမ္ပဏီမှာ APU ကုမ္ပဏီမဟုတ်ဘဲ DDPC ကုမ္ပဏီသာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

သို့သော် လက်ရှိခေါ်ထားသည့် လျှပ်စစ်ထုတ်လုပ်ခွင့်တင်ဒါကိုလည်း ဝင်ပြိုင်မည်ဖြစ်ကြောင်း DDPC ကုမ္ပဏီ ထံမှ သိရသည်။

လျှပ်စစ်ထုတ်လုပ်ရေးအတွက် လက်ရှိ ဝယ်ယူလျက်ရှိသည့် သဘာဝ ဓာတ်ငွေ့ ကုဗပေတစ်သန်းအပြင် နောက်ထပ် တစ်သန်းကို ထပ်မံဝယ်ယူ နိုင်ရေးကြိုးပမ်းလျက်ရှိကြောင်း တိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။