ခဲသတ္တုလုပ်ငန်းများကြောင့် ၅ နှစ် အတွင်း ခဲဆိပ်သင့်ရောဂါလက္ခဏာများ ဖြစ်ပေါ်နိုင်

0
434

ခဲသတ္တုတူးဖေါ်ရေးလုပ်ငန်းများ ကြောင့် ယင်းလုပ်ငန်းအနီး နေထိုင်သူ များသည် ၅ နှစ်အတွင်း ခဲဆိပ်သင့်ရောဂါ လက္ခဏာများ ဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်မြို့ အရှေ့ပိုင်းတက္ကသိုလ် ဘူမိ ဗေဒဋ္ဌာန ကထိက ဒေါက်တာဝင်းမင်းဦး ထံမှ သိရသည်။


လူ့ခန္ဓာကိုယ်အတွင်းသို့ အစား အစာ (ခဲလုပ်ငန်းအနီးရှိ စားပင်သောက် ပင်များ) ကြောင့် ၆၅ ရာခိုင်နှုန်း၊ သောက်သုံးရေကြောင့် ၂၀ ရာခိုင်နှုန်း၊ လေထုထဲပျံနှံ့ ခဲဆိပ်ရှုမိခြင်းကြောင့် ၁၅ ရာခိုင်နှုန်း စသည့် နည်းလမ်းသုံးမျိုးဖြင့် ဝင်ရောက်နိုင်ကြောင်း ဒေါက်တာ ဝင်မင်းဦးက ပြောပြသည်။” အဓိကက ခဲပါဝင်မှုများတဲ့ ရေ ကြောင့် ဖြစ်တာပါ၊ ခဲရဲ့ ဆိုးကျိုးက တော်တော်များပြီး တော်တော်ဆိုးပါ တယ်” ဟု ကထိက ဒေါက်တာ ဝင်းမင်း ဦးက ပြောသည်။

 
ချက်ချင်းမဟုတ်သော်လည်း ထိ တွေ့ဖန်များပြီးကြိမ်ဖန်များလာ သည့်အခါ ကျောက်ကပ်၊ အသဲ၊ ဦးနှောက် အာရုံကြောစနစ်တွေ ထိခိုက်နိုင်တယ်ဟု ဒေါက်တာဝင်းမင်းဦးက ပြောသည်။တနင်္သာရီမြို့နယ်အတွင်းရှိ ကြိမ် ချောင်းကျေးရွာအနီမှ တရားမဝင်ခဲတူး လုပ်ငန်းများသည် ပြီးခဲ့သည့် တစ်လ ခန့်မှစပြီး လုပ်ငန်းများ ရပ်နားခဲ့ကြ သဖြင့် ချောင်းတွင်းရှိ ရေများသည် ပြန် လည်ကြည်လင်လာပြီး ဒေသခံများမှ လည်း ယင်းချောင်းရေများကို သောက် သုံးရေများအဖြစ် ပြန်လည်အသုံးပြု နေကြကြောင်း ကြိမ်ချောင်းရွာသား ဦးသန်းလှက ပြောပြသည်။

 
” ဒီမြေပေါ်မှာနေပြီး ဒီက အစား အသောက်တွေကို စားမယ်ဆိုရင် တစ် နည်းမဟုတ်တစ်နည်းနဲ့ ခဲဆိပ် ဖြစ်ကြ မှာပဲ” ဟု ကထိက ဒေါက်တာ ဝင်းမင်းဦး က ပြောသည်။တနင်္သာရီတိုင်းအတွင်း တရားဝင် ခွင့်ပြုထားသည့် သတ္တုလုပ်ကွက် ၃၇ ခု၊ ရွှေလုပ်ကွက် ၂ ခုရှိပြီး တစ်နှစ်လျှင် ခဲမဖြူ၊ အဖြိုက်နက်နှင့် ရောနှောသတ္တု မက်ထရစ်တန် ၁၀၀၀ ကျော် နှစ်စဉ် ထုတ်ယူရရှိနေကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဋ္ဌာန၏ စာရင်းအရ သိရသည်။