AIDS လူနာအသစ်အများစု ပြည်ပမှ ပြန်လာသူများဖြစ်

0
406

ခုခံအားကျဆင်းမှုရောဂါ (AIDS) ဖြစ်ပွားကာ လာရောက်ဆေးကုသသည့် လူနာအသစ်အများစုမှာ ပြည်ပမှ ပြန် လာသည့် ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်နေကြောင်း သက်ဆိုင်ရာ ဆေးကု ဌာနများထံမှ သိရသည်။


အစိုးရဌာနတွင် လာကုနေသူ ထားဝယ်ခရိုင်အတွင်း တစ်လလျှင် လူနာအသစ် ၅ ဦးခန့်ရှိနေသည်။ ယင်း တို့အများစုမှာပြည်ပမှ ပြန်လာသူများ ဖြစ်ပြီး ထိုင်းနိုင်ငံမှ ပြန်လာသည့် ရောဂါရှင်အများစုမှာ ရောဂါကျွမ်းသည့် အခြေအနေ ရောက်မှသာ လာရောက် ကုသကြကြောင်း တိုင်းဒေသကြီး ခုခံ ကျ၊ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ကဆိုသည်။

 
” လူနာ အသစ်ဖြစ်ပွားမှုနှုန်း က တော့ ပုံမှန်ပါပဲ၊ ဒါပေမယ့် အခြေအနေ ဆိုးလာပြီးဆိုမှ နေရပ်ကို ပြန်လာကြတာ များတယ်”  ဟု တိုင်းဒေသကြီး ခုခံကျ၊ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက် တာကျော်တင့်ထွန်း ကပြောသည်။
နယ်စည်းမထား ဆရာဝန်များအဖွဲ့ဆွစ်ဇာလန်(ထားဝယ်စီမံကိန်း) တွင် ဗှီုS ရောဂါ လာရောက်ကုသမှုမှာ တစ်လလျှင် လူနာအသစ် ၂၅ ဦးခန့် ရှိ နေပြီး အများစုမှာ ရွှေ့ပြောင်းလုပ်သား (ပြည်ပ) များဖြစ်နေသည်။

 
ခုခံကျ၊ကာလသားရောဂါ တိုက် ဖျက်ရေးဌာနနှင့် နယ်စည်းမထား ဆရာ ဝန်များအဖွဲ့ဆွစ်ဇလန် (ထားဝယ် စီမံ ကိန်း) စာရင်းများအရ တစ်လလျှင် လူ နာအသစ် ၃၀ ဦးခန့် လာရောက်ကုသ နေသည်။HIV ရောဂါပိုးရှိ၊ မရှိ စောစော စစ်ပြီး စောစောကုသမှသာ နောက်ဆက် တွဲဖြစ်လာမည့် ရောဂါများကို ကာကွယ် နိုင်မည်ဖြစ်ကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့ ဆွစ်ဇလန်(ထားဝယ် စီမံကိန်း)မှ ဒေါက်တာ သိမ့်သီတာစိုး ကဆိုသည်။

 
” လူနာအများစုကအခြေအနေ ဆိုးတဲ့အချိန်မှ လာကြတယ်” ဟု ဒေါက်တာသိမ့်သီတာစိုးက ပြောသည်။
တိုင်းဒေသကြီး ခုခံကျ၊ ကာလ သားတိုက်ဖျက်ရေးဌာနတွင် ကုသပေး နေသည့် လူနာမှာ ၂၀၁၆ ခုနှစ် အောက် တိုဘာလအထိ ၂၃၈၂ ဦးရှိသည်။  နယ်စည်းမထား ဆရာဝန်များ အဖွဲ့ဆွစ်ဇလန် (ထားဝယ်စီမံကိန်း)က ကုသပေးနေသည့် လူနာ ၂၄၀၀ ဦးခန့် ရှိကြောင်း သက်ဆိုင်ရာဌာန စာရင်းများ အရ သိရသည်။