မောတောင်နယ်စပ်တွင် တန်ဖိုး ကျပ် ၁၅ သိန်းကျော်ရှိ ဘိန်းစာမှုန့်များ ဖမ်းမိ

0
380

တနင်္သာရီမြို့နယ် မောတောင်နယ် စပ်တွင် နိုဝင်ဘာလ ၂၁ ရက်က ကာလ တန်ဖိုး ၁၅ သိန်းကျော်ရှိ ဘိန်းစာမှုန့် များကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့ နယ်ရဲစခန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။


ယင်းဒေသ ဗန္ဓုလရပ်ကွက်နေ အသက်  ၄၃ နှစ်အရွယ် အမျိုးသား၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ ရောင်း ချနေကြောင်း သတင်းအရ ဝင်ရောက် စစ်ဆေးရာမှ နေအိမ်၏ အနောက် ဘက်ရှိ ကိုင်းတောထဲတွင် ဝှက်ထားသော ဘိန်းစာမှုန့်များကို ဖမ်းဆီးရမိခြင်း ဖြစ် ကြောင်း ရဲစခန်းမှ သိရသည်။

 
ကိုင်းတောထဲဝှက်ထားသော အဖြူ ရောင် ပီနံအိတ်အတွင်း တစ်ထုတ်လျှင် ၀.၈ ကီလိုဂရမ်ခန့်ပါ ဘိန်းစာမှုန့်အစိမ်း ရောင် အမှုန့်ထုပ်(၂၉)ထုပ် စုစုပေါင်း အလေးချိန်(၂၃.၂)ကီလိုဂရမ်ပါရှိ ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရ သည်။
အဆိုပါ အမျိုးသား၏ ထွက်ဆို ချက်အရ မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပတ်သက်နေသည့် မောတောင်နေ အမျိုး သား ၃ ဦးအား တနင်္သာရီရဲစခန်းမှ မယ(ပ)၃၁/၂၀၁၆၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။