ရဲတပ်ဖွဲ့၏ လောင်းကစားကိစ္စ ကိုင်တွယ်မှု အားနည်းသည့်အပေါ် ပြည်သူများ ဝေဖန်

0
397

တိုင်းအတွင်း လောင်းကစားကိစ္စ များ(နှစ်လုံး၊သုံးလုံး၊ ဘောလုံး)အပေါ် ရဲတပ်ဖွဲ့၏ ကိုင်တွယ်ဆောင်ရွက်မှု အားနည်းနေသည့် အပေါ် ပြည်သူများ အကြားတွင် ဝေဖန်မှုများ မြင့်တက် လျက်ရှိသည်။ရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး များကို ယခင်ကထက် ပိုမိုအားစိုက် ဖမ်းဆီးလာသည်ကို တွေ့ရသော်လည်း လောင်းကစား ဖမ်းဆီးမှု အပိုင်းတွင်မူ အားနည်းချက် များပြားနေဆဲဖြစ်ကြောင်း ထားဝယ်မြို့မှ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။


” လောင်းကစား ဒိုင်တွေက မြို့ပေါ် ရပ်ကွက် အတော်များများမှာ ပုံမှန် အတိုင်းရှိနေကြဆဲပါပဲ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
နိုင်ငံခြား ဘောလုံးပွဲကျင်းပသည့် စနေနေ့ညနှင့် တနင်္ဂနွေနေ့ညများတွင် ရပ်ကွက်အချို့ရှိ ဘောလုံးပွဲ လောင်း ကစားဒိုင်ရှိသည့်နေရာများတွင် လောင်း ကစားသူများ၏ ဆိုင်ကယ်များဖြင့် ပြည့် လျှံနေဆဲဖြစ်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။

 
ပြီးခဲ့သည့် ဩဂုတ်လက တိုင်းဒေ သကြီး ဝန်ကြီးချုပ်နှင့် ထားဝယ်ခရိုင် အတွင်းရှိ ရပ်၊ ကျေး အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲတွင် မိမိရပ်ကွက်အတွင်းရှိ နှစ်လုံး သုံးလုံးဒိုင်၊ ချဲဒိုင်နှင့် ဘောလုံး ပွဲဒိုင်များ၏ စာရင်များ ပေးပို့ကြရန် ဝန်ကြီးချုပ်က ဆော်ဩခဲ့သည်။
ရပ်၊ ကျေး အုပ်ချုပ်ရေးမှူးများ ပေးပို့လာသည့် စာရင်းတွင် ပါဝင်သူ များကို တစ်စုံတစ်ရာ အနှောင့်အယှက် ပေးမည်မဟုတ်သော်လည်း နောင်တစ် ချိန်တွင် မည်သို့လုပ်ဆောင်မည်ကို မဆုံးဖြတ်ရသေးကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ဖူးသည်။

 
” လက်ရှိအခြေအနေမှာ ထိရောက် မှုမရှိဘူး၊ ကိုယ့်ဖက်ကတော့ ပွင့်ပွင့်လင်း လင်း စာရင်းတင်ပေးတာပဲ၊ လက်ဖက် ရည်ဆိုင် အချို့မှာဆို ရဲတပ်ဖွဲ့ဝင် ရှေ့မှာတောင် ပေါ်တင်ရောင်းနေတာတွေ ရှိတယ်”  ဟု ထားဝယ်မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။
ဝန်ကြီးချုပ်က စာရင်းတောင်းသည့် အတွက် ရပ် /ကျေး အုပ်ချုပ်ရေးမှူး အများစုက ပေးပို့ထားပြီးဖြစ်သော် လည်းအရေးယူဆောင်ရွက်မှု မရှိသေး ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးက ဆို သည်။

 
လောင်းကစားကိစ္စများကို ထိထိ ရောက်ရောက် အရေးယူမှုများ ဖြစ်လာ စေရန် အစိုးရအဖွဲ့အနေဖြင့် ရဲတပ်ဖွဲ့ကို ဖိအားပေး ဆောင်ရွက်စေသင့်ကြောင်း ၎င်းက အကြံပြုသည်။ရဲတပ်ဖွဲ့ကမူ လောင်းကစားကိစ္စ များကို ဖမ်းဆီးကြပ်မတ်ရန် ယခင် ကတည်းက ထွန်းအားပေးဆောင်ရွက် နေပြီး လက်ရှိ အချိန်တွင် ယခင်ကဲ့သို့ ပေါ်ပေါ်တင်တင် ရောင်းချနေခြင်းမျိုး မရှိတော့ကြောင်း တနင်္သာရီတိုင်း ဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။

 
” လက်ရှိ အနေအထားထက်တော့ ပိုပြီးတွန်းအားပေး ဆောင်ရွက်သွား မယ် ” ဟု အဆိုပါ တိုင်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ ကပြောသည်။
တိုင်းအတွင်း ပြီးခဲ့သည့် အောက် တိုဘာလက လောင်းကစားမှု ၆ မှု ဖမ်းဆီးအရေးယူထားကြောင်း တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။