တနင်္သာရီတိုင်းတွင် ဌာနအားလုံး နိုင်ငံတော်အလံ အလေးပြုရမည်

0
793

နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်းကို တစ်နေ့ လျှင် နှစ်ကြိမ်သီဆို အလေးပြု ကြရန် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်က တနင်္သာရီတိုင်းအတွင်းရှိ ဌာနများအား ညွှန်ကြားထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။


တိုင်းအတွင်းရှိ ဌာနဆိုင်ရာ ရုံးများ တွင် မနက် ၉ နာခွဲ တစ်ကြိမ်နှင့် ညနေ ၄ နာရီခွဲတစ်ကြိမ် နိုင်ငံတော် အလံအား နိုင်ငံတော် သီချင်းဖွင့်ပြီး အလေးပြုကြ ရန် ညွှန်ကြားထားကြောင်း တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက ပြောသည်။” မျိုးချစ်စိတ် ရှင်သန်ရေးနဲ့ နိုင်ငံ အပေါ် ချစ်မြတ်နိုးတဲ့စိတ်တွေ ပေါ်ပေါက် ခိုင်မာလာအောင်ပါ ” ဟု တိုင်းအစိုးရ အဖွဲ့ရုံးညွှန်ကြားရေးမှူး ဦးသိန်းအောင် က ပြောသည်။

 
တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ရုံး ဝန်ထမ်းများ က ပြီးခဲ့သည့် အောက်တိုဘာလ ကတည်းက နိုင်ငံတော်အလံအား နိုင်ငံ တော် သီချင်းဖြင့် သီဆိုအလေးပြုခြင်း ကို လုပ်ဆောင်ခဲ့ကြောင်း ၎င်းကဆိုသည်။

 
ယင်းကဲ့သို့ နိုင်ငံတော်အလံကို နေ့စဉ်အလေးပြုစေခြင်းမှာ ကောင်းသည့် လက္ခဏာဖြစ်ပြီး နိုင်ငံတော်အပေါ် ဌာန ဆိုင်ရာ ဝန်ထမ်းများ ပိုမိုလေးစား သစ္စာ စောင့်သိလာမည်ဟု ထင်ကြောင်း ထားဝယ်မြို့မှ ဌာနဆိုင်ရာ ဝန်ထမ်း တစ်ဦးက ဆိုသည်။” အခုထိတော့ ရုံးမှာ ဒီလို လုပ်ခိုင်း တာတော့ မရှိသေးဘူး။ နောက်ပိုင်းတော့ လုပ်လိမ့်မယ်လို့တော့ ထင်တယ်” ဟု အဆိုပါ ဝန်ထမ်းက ဆိုသည်။
ပြည်သူများအကြားတွင် နိုင်ငံတော် အလံအားအလေးပြုမှု အခြေအနေမှာ ရုပ်ရှင်ရုံများတွင်ပင် နိုင်ငံတော်အလံ အား အလေးပြုရမည့် အချိန်မျိုးတွင်ပင် မတ်တပ်ရပ်အလေးပြုသူ နည်းပါးလျက် ခဲ့သည်။