အမေရိကန်သွားတောလား (၄)

0
706

ကမ္ဘာ့နိုင်ငံပေါင်း ၄၀ကျော်မှ လူ ပေါင်း ၃၀၀ ခန့်နှင့်အတူ ခန်းမကျယ် ကြီးတစ်ခုတည်းတွင် ရောက်ရှိနေသည်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် အမေရိကန်နိုင်ငံ အနှံ့အပြားသို့ ရောက်ရှိနေသော ကမ္ဘာ့ နိုင်ငံအသီးသီးမှ လူငယ်ခေါင်းဆောင်များ ညီလာခံ ဖြစ်သည်။


ဤကဲ့သို့ နိုင်ငံ၊ အသားအရောင်၊ နောက်ခံအကြောင်းအရာနှင့် ကွဲပြားခြား နားမှုပေါင်း မြောက်မြားစွာရှိသည့် နိုင်ငံ များမှ လူပေါင်းများစွာနှင့် အတူရှိနေရ သည့် အတွေ့အကြုံသည် ထူးခြားလွန်းနေ သည်။ အိန္ဒိယ၊ ဟန်ဂေရီ၊ အီဂျစ် စသည့် နိုင်ငံသားများပြောသည့် အင်္ဂလိပ်အသံ ထွက်ကို အတော်ကြီး လေသံဖမ်းယူ ရသည်။ အာရှတိုက်မှ လေယူလေသိမ်း ကား ရင်းနှီးပြီးဖြစ်၍ အတော်လေးအဆင် ပြေသည်။ အဆိုးဆုံးကား ပါကစ္စတန်များ ၏ အသံထွက်ဖြစ်သည်။ ၁၀ ခွန်းပြော လျှင် ၅ ခွန်းလောက် နားမလည်ပေ။ ၎င်းတို့၏ အင်္ဂလိပ်အသံထွက်ကား နား မဆိုထားနှင့် အူနှင့်ကလီစာများပါ ဗြောင်းဆန်သွားသည်ဟု ခံစားရလေသည်။

 
၃ ရက်တာ ပြုလုပ်သည့် ညီလာခံ တွင် စီးပွားရေး ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၏အရေး၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများအရေး၊ အမေရိကန်နိုင်ငံခြား ရေးမူဝါဒများအရေး စသဖြင့် ကဏ္ဍအသီးသီးခွဲခြားကာ ဆွေးနွေးကြသည်။
စိတ်မကောင်းစရာတစ်ခုကား နိုင်ငံ စွန့်ခွာ ရွှေ့ပြောင်းသွားလာသူများအရေး ဆွေးနွေးခွင့် မရလိုက်ခြင်း ဖြစ်သည်။ ဤကိစ္စကို ဆွေးနွေးရန် အမည်စာရင်း ပေးထားသူ ဆယ်ဂဏန်းများစွာ ရှိသော် လည်း အမေရိကန်နိုင်ငံခြားရေးဌာနမှ အဆိုပါအရေးကို ဦးဆောင်ဆွေးနွေး ပေးမည့်သူ မရှိ၍ ဖျက်လိုက်ရခြင်း ဖြစ်ကြောင်း ကြေညာသည်။ ထူးတော့ ထူးဆန်းသည်။

 

ဥရောပတစ်ခွင် အပါ အဝင် ကမ္ဘာအနှံ့ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံစွန့် ခွာသူများအကြောင်းကို အမေရိကန် အနေဖြင့် ဦးဆောင်မဆွေး နွေးလို၍လောဟုပင် မေးခွန်းထုတ် ချင်မိသည်။ စိတ်ဝင်စားစရာ အကောင်း ဆုံးနှင့် ဆွေးနွေးမေး မြန်းမှုအများဆုံး အကြောင်းအရာကား နိုင်ငံခြားရေး ပေါ်လစီကိစ္စ ဖြစ်လေသည်။ အမေရိကန် နိုင်ငံခြားရေးဌာနရှိ အာရှနှင့် အရှေ့အာရှ၊ အာဖရိက၊ ဥရောပ၊ အရှေ့ အလယ်ပိုင်း စသည့် ဒေသအသီးသီးမှ ဗျူရိုအရာရှိ များမှ နိုင်ငံခြားရေး ပေါ်လစီနှင့် မူဝါဒ များကို ဦးဆောင်ဆွေးနွေးပြီး တက် ရောက်သူများမှ ဆွေးနွေးမေးမြန်း ကြခြင်း ဖြစ်သည်။ ဆွေးနွေးမှု အား အကောင်းဆုံး အကြောင်းအရာကား လက်ရှိ ရွေးကောက်ခံထားရသည့် ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တာဝန် ထမ်းဆောင်ပါက ပြောင်းလဲဖြစ်ပေါ်လာ နိုင်သည့် ရိုက်ခတ်မှုများအကြောင်း ဖြစ်သည်။

 
ဤနေရာတွင် မြန်မာသံအမတ်ကြီး နှင့် ဝါရှင်တန်ဒီစီသံရုံးတွင်တွေ့ဆုံခဲ့ စဉ်က အထက်ပါကိစ္စကို ဆွေးနွေးဖြစ်ခဲ့ သည်ကို အမှတ်ရမိသေးသည်။ သံ အမတ်ကြီးက မြန်မာနိုင်ငံသည် အင်အား သေးသည့် နိုင်ငံငယ်တစ်ခုဖြစ်သည့်အား လျော်စွာ အမေရိကန်နှင့်ဆက်လက်ပူး ပေါင်း ဆောင်ရွက်သွားမည့်အကြောင်း၊ မည်သူ သမ္မတဖြစ်သည်ဖြစ်စေ မြန်မာ နိုင်ငံ၏ ရှိရင်းစွဲ နိုင်ငံခြားရေးမူဝါဒကိုလက်ကိုင်ထားကာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မှတ် ချက်ပြု ပြောဆိုခဲ့သည်။
လူပေါင်း ၃၀၀ နီးပါးရှိသည့် ဆွေး နွေးပွဲခန်းမအတွင်း အကြောင်းအရာတစ် ခုလျှင် မေးခွန်း ၄ ခုမှ ၆ ခု အထိသာ မေးခွင့်ပြုသဖြင့် မေးမြန်းခွင့် မရခဲ့။ ဆွေးနွေးပွဲအပြီးတွင်တော့ အမေရိကန် အရှေ့အာရှဆိုင်ရာ ဗျူရိုအကြီးအကဲနှင့် မြန်မာ-အမေရိကန်နိုင်ငံခြားရေးမူဝါဒများအကြောင်း အလွတ်သဘော ပြောဆို ဆွေးနွေးဖြစ်ခဲ့သည်။ ကျွန်တော်မြန်မာ နိုင်ငံကပါဟု ဆိုလိုက်သည်နှင့် စိတ် အားတက်ကြွသွားသည့် သူ့ဟန်ပန်ကို မြင်ယောင်နေသေးသည်။

 

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ကျွန်တော်တို့အတွက်တော့ (အမေရိကန် နိုင်ငံအတွက်တော့) ထင်ရှားတဲ့ အောင် မြင်မှုတစ်ခုပါပဲ ” ဟု သူက အားတက် သရော မှတ်ချက်ပြုသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ရွေးကောက် မခံလိုက်ရသော ဒီမိုကရက်တစ်ပါတီ သမ္မလောင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးကို စာဖတ် သူများ သိရှိပြီး ဖြစ်ပေမည်။

 
ဟီလာရီ၏ မြန်မာနိုင်ငံနှင့်ပတ်သက် သည့် ဆောင်ရွက်ချက်များ အကြောင်း အထူးသဖြင့် ယခင်စစ်အစိုးရ ခေါင်း ဆောင်များအပါအဝင် လက်ရှိနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ကြိမ်ဖန် များစွာတွေ့ဆုံခဲ့ပြီး မြန်မာ့ နိုင်ငံရေးအပြောင်းအလဲများတွင် အရေး ပါသည့်နေရာတွင် သူမ (ဟီလာရီက လင်တန်) ရှိနေခဲ့သည်။ ထို့အတွက် ကျွန်တော်အပါအဝင် မြန်မာနိုင်ငံသား အများအပြား သူမကို အမေရိကန်သမ္မတ ဖြစ်လာစေချင်သည်ဆိုကလည်း မှား အံ့မထင်။ ကျွန်တော် နှင့်မိတ်ဆွေတစ်ဦး တို့ ဘယ်သူ သမ္မတ ဖြစ်မလဲဟူသည်ကို လောင်းကြေးပင် ထပ်ခဲ့ကြသေးသည်။ သိပြီးဖြစ်သည့်အတိုင်း မာစတာထရမ့် ကြီး နိုင်သွားသဖြင့် ကျွန်တော်လောင်း ကြေးရှုံး၏။ မြန်မာကျပ်ငွေ ထောင် ဂဏန်းသာကျသင့်သည် လောင်းကြေး ဖြစ်၍သာ တော်ပေ ရော့သည်။

 
” ကျွန်မတို့မှာ မြန်မာနိုင်ငံနဲ့ ပတ် သက်ပြီး မူဝါဒကောင်းကောင်း ရှိပါ တယ်။ တက်လာတဲ့သမ္မတက ဒါကို သူ့ သဘောနဲ့ပြင်ချင်တိုင်း ပြင်လို့ရတာမျိုး မဟုတ်ပါဘူး” ဟု အမေရိကန်-မြန်မာ နိုင်ငံခြားဆက်ဆံရေး အရာရှိတစ်ဦးက မှတ်ချက်ပြုသည်။
မှန်၏။ ဒီမိုကရေစီ၏ အားသာချက် များအနက် တစ်ခုမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဟူသည့် မဏ္ဍိုင်ကြီး ၃ ရပ် အပြန်အလှန် ထိန်း ကျောင်းပေးနိုင်သည့် စနစ်ဖြစ်သည်။ သို့သော် ထိုစနစ်အားကောင်းမောင်း သန်ဖြစ်ရန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြခံ ဥပဒေက မည်မျှအထိ ခွင့်ပြုထားသည် ဟူသည့်အပေါ်တွင် မူတည်နေပြန်သည်။ ကျွန်တော်တို့နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကား ထိုသို့ အားမကောင်း ကြောင်း အထူးပြောရန်လို မည်မထင်။

 
ညီလာခံ နောက်ဆုံးနေ့သည်ရယ် မောသံများဖြင့် တသောသောညံ နေခဲ့ သည်။ တက်ရောက်သူ ၁၀ ဦးမှ ၄၀ ဦး ခန့်အထိ အသီးသီးပါဝင်သော သက်ဆိုင် ရာ အစုအဖွဲ့များအလိုက် မိမိတို့လေ့လာ ခဲ့ရသည်များကို မှတ်တမ်းတင်ထားသော ဗွီဒီယိုများ ပြသကြသည်။ အချင်းချင်း နှုတ်ဆက်ကြ၊ ဆက်လက်ပူးပေါင်း လုပ် ဆောင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ကြနှင့် ပျော်စရာပင် ကောင်းသေးတော့ သည်။ ညနေခင်းတွင် အမေရိကန် နိုင်ငံ ခြား ရေးဌာနတွင် ညီလာခံပိတ်ပွဲကျင်းပ ၏။ ယဉ်ကျေးမှု၊ ပညာရေးနှင့် နိုင်ငံ တကာချိတ်ဆက် ဆောင်ရွက်မှုဆိုင်ရာ ဌာနမှ အမေရိကန် အဆင့်မြင့်အရာရှိ အမျိုးသမီးတစ်ဦး တက်ရောက်စကား ပြောကြားပြီး နိုင်ငံခြားရေးဌာန၏ မူဝါဒ များ အကောင်အထည်ဖော်ဆောင်မှု ဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြကာ ညစာစားပွဲဖြင့် ပိတ်သိမ်းလေသည်။

 
ပြီးခဲ့သည့် စနေနေ့ နံနက်တွင် ပြည်တော်ပြန် ခရီးစတင်လေသည်။ ဒီမို ကရေစီနှစ်ခြမ်းကွဲမြို့တော် ဝါရှင်တန်မှ ဆော့လိခ်စီးတီးသို့ ပျံသန်းသည့် လေ ယာဉ်သည် နံနက် ၉ နာရီတွင် စတင် ထွက်ခွာသည်။ ထိုမှတစ်ဆင့် တောင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ လေထဲတွင် ၁၃ နာရီခန့် ဆက်လက် ပျံသန်းပြန် သည်။ တဖန် ကင်ချီမြေမှ မိခင်မြန်မာ ပြည်သို့ နာရီပေါင်းများစွာ ပျံသန်းရ ပြန်လေသည်။ မြောက်ပစိဖိတ် သမုဒ္ဒရာ နှင့် တရုတ်နိုင်ငံ မြောက်ပိုင်းဒေသများ အပေါ်မှဖြတ်ပျံစဉ် မြင်တွေ့ခဲ့ရသည့် ရှုခင်းများကား တစ်သက်မမေ့ဖွယ် ဖြစ် သည်။
သို့ဖြင့် မိုင်ပေါင်းသောင်းချီပျံသန်း ပြီးနောက် တနင်္လာနေ့နံနက်တွင်                ရွှေတိဂုံစေတီတော်ကို ဖူးတွေ့ရလေသည်။ ရန်ကုန်မြို့မှ မိတ်ဆွေတစ်ဦး၏ အကူ အညီဖြင့် စေတီတော်၏ အထက်ပစ္စယံသို့ လွယ်လွယ်ကူကူပင် တက်ရောက်ဖူးတွေ့ ခွင့်ရသည်။ ကြည်နူးဖွယ်ကောင်းလေစွ။ ပြည်တော်ပြန်ခရီးကား ဤတွင် အဆုံး မသတ်သေး။ မွေးရပ်မြေထားဝယ်သို့ ဆက်လက်ပျံသန်းကာ ထားဝယ်မုန့် လက်သုပ် ၂ ပွဲဆက်တိုက်စားခြင်းဖြင့် အနားသတ်လေသည်။

 
ဤတွင် ကျွန်တော်၏ အမေရိကန် သွားတောလား နိဂုံးကပ္ပတ် အဆုံးသတ် လတ်လေပြီ။