ကျွဲကူး-ကျောက်ဖျာ တံတားပေါ်တွင် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုရှိနေ

0
828

ရန်ကုန်-ထားဝယ်-မြိတ်-ကော့ သောင်းသို့  ဆက်သွယ် ထားသည့် ပြည် ထောင်စု လမ်းမကြီးပေါ်ရှိ မြိတ်မြို့ ကျွဲကူး-ကျောက်ဖျာ တံတားပေါ်တွင်  စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများ ရှိနေ ကြောင်း ကျောက်ဖျာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတိုးလွင်ထံမှသိရသည်။


အဆိုတံတားပေါ်ရှိ ဘေးတစ်ဖက် တစ်ချက်တွင် ဖြူနီမျဉ်းများ ရှိနေသော် လည်း နေ့စဉ် သမီးရည်းစား အတွဲများ နှင့် အပန်းဖြေလာရောက် အနားယူသူ များ၏ ယာဉ်များ ရပ်နားမှုရှိနေကြောင်း တံတား အနီးရပ်ကွက်နေသူများမှ သိရ သည်။ယင်းကဲ့သို့ စည်းကမ်းမဲ့ ယာဉ်ရပ် နားမှုများရှိနေသည့်အတွက် နိုဝင်ဘာလ ၂၁ ရက် ည ၇ နာရီခွဲအချိန်ခန့်က တံတားပေါ်တွင် ရပ်နားထားသည့် မော်တော်ဆိုင်ကယ်  တစ်စီးအား ကား တစ်စီးက ဝင်တိုက်မိရာမှ ဆိုင်ကယ်ပေါ် ထိုင်နေသည့်  အဝေးသင်တက္ကသိုလ် ကျောင်းသူတစ်ဦး သေဆုံးခဲ့ရကြောင်း မြိတ်မြို့နယ် ရဲစခန်းမှ သိရသည်။
” ယာဉ်စည်းကမ်းအရဆိုရင် ဖြူနီ မျဉ်းတွေမှာ နားလို့မရဘူး” ဟု ကျောက် ဖျာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတိုးလွင်က ပြောသည်။
ကျွဲကူး-ကျောက်ဖျာ တံတားပေါ် တွင် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများကို ဟန့်တား ပြောဆိုမှုများ ရှိခဲ့သော်လည်း လိုက်နာမှုနည်းပါးကြောင်း ယင်းတံတား ရဲကင်းနှင့် ကျောက်ဖျာအုပ်ချုပ်ရေးမှူး တို့က ပြောပြသည်။
တံတားပေါ်တွင် ဆိုင်ကယ်များ ရပ်နား ထားသောကြောင့် ယာဉ်တိုက်မှု များဖြစ်ပေါ် လေ့ရှိပြီး ယခင်နှစ်ကလည်း ယာဉ်တိုက်မှုကြောင့် လူတစ်ဦး သေဆုံး ခဲ့ဖူးကြောင်း တံတားရဲကင်းမှ သိရ သည်။