မိအေး နာလှပီ အမေ

0
840

မခံနိုင်လွန်းသောကြောင့် ပြောပါ တယ်။ မိအေး နာလှလွန်းလို့ပါ။
ထားဝယ် အရှေ့တောက ဟိန္ဒားမိုင်း ပြန်လည် ခွင့်ရသွားတယ်။ အရင်ကနှစ် ကြိမ်တိုင် ရပ်ခဲ့တဲ့ သတ္တုတွင်းတစ်ခုပါ။နားခိုင်းထားတုန်းက လုပ်ဆောင်ချက်တွေ ကိုစိတ်တိုင်းမကျသေးပေမဲ့ နိုင်ငံ့ဝင်ငွေ ရဖို့ လုပ်ခိုင်းလိုက်တယ်လို့ ဝန်ကြီးချုပ် ကပြောကြောင်း သတင်းထဲမယ်တွေ့ လိုက်ပါတယ်။


နိုင်ငံ့ဝင်ငွေဆိုလို့ တစ်လကျပ်သိန်း နှစ်ထောင်အခွန်တဲ့။ ဘယ်ကိုပေးရလဲ ဆိုတော့ ပြည်ထောင်စုအစိုးရကို ဖြစ်ပါ တယ်။ နေပြည်တော်ကို ရောက်ပါတယ်။ဒီနေရာမှာ ခေတ်သစ်ဖွံဖြိုးရေး အတွေးအမြင်တွေအရ အစားပြန်မရနိုင် တော့တဲ့ သယံဇာတတွေကို ထုတ်ယူရာမှာ ရတဲ့ငွေကြေး တစ်ခုတည်းတင် မကတော့၊ ပျက်စီးသွားတဲ့ ပတ်ဝန်းကျင်၊ အစားပြန် မရတော့တဲ့ တန်ဖိုးတွေကိုလည်း ထည့် တွက်ရပါတယ်။

 
ပြီးခဲ့တဲ့လက နယူးဇီလန်နိုင်ငံက ဂေဟဗေဒပညာရှင်တစ်ယောက်နဲ့ တွေ့တော့ သယံဇာတထုတ်ရောင်း တယ်ဆိုတာ ကိုယ့်ခန္ဓာကိုယ်အစိတ် အပိုင်းတွေကို ဖြတ်ရောင်းနေတာနဲ့ တူတယ်တဲ့။ အစားလည်း ပြန်မရနိုင် တော့၊ ပျက်စီးပြီးလည်း ကျန်ခဲ့တယ်။
ထားပါ။ ဒီနေရာမှာ ဆွေးနွေးချင် တာက အဲဒီကိစ္စ မဟုတ်ပါ။အခွန် ကိစ္စပါ။ဟုတ်ပြီ နိုင်ငံ့ဝင်ငွေတစ်လ သိန်း ၂၀၀၀ ရတယ်။ နေပြည်တော်ကို ရောက် တယ်။ဆိုတော့ အဲဒီအခွန်ငွေတွေကို အများဆုံး ဘယ်နေရာမှာ သုံးနေကြ သလဲသိကြပါသလား။
စစ်အသုံးစရိတ်လား၊ လမ်းဖောက် တာလား၊ တံတားဆောက်တာလား၊ ကျောင်းဆောက်တာလား။ တစ်ခုမှ မဟုတ်ပါ။
လျှပ်စစ်နဲ့ စွမ်းအင်မှာ သုံးနေရပါ တယ်။

 
ပြည်ထောင်စုအစိုးရရဲ့ အသုံးစရိတ် လေးပုံတစ်ပုံနီးပါးက လျှပ်စစ်နဲ့ စွမ်းအင် မှာ သုံးနေပါတယ်။
ဟ . . . ပြည်သူတွေက လျှပ်စစ်မီ တာခပေး သုံးနေရတာပဲ။ ဘာလို့အစိုးရက ကုန်စရာရှိလဲ မေးစရာရှိပါတယ်။
တကယ်က နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်စတဲ့ မဟာဓာတ်အား လိုင်းကနေ လျှပ်စစ်ရနေတဲ့ လျှပ်စစ်တစ် ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ ပျှမ်းမျှ ၉၂ ကျပ်ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်သုံးမီတာတွေကို အခြေခံ ယူနစ် ဈေးနှုန်း ၃၅ ကျပ်ကနေ ၅၀ ကျပ် အထိပဲ ကောက်ပါတယ်။ အခြား စီးပွားရေး လုပ်ငန်းသုံး မီတာတွေလည်းရှိတော့ ပျှမ်းမျှ ၃၇ ကျပ်အထိစိုက် ထုတ်ပေး နေရတယ်လို့ သုတေသနပြုဆောင်းပါး အချို့မှာ ဖော်ပြကြပါတယ်။ (အချို့ နေရာမှာတော့ ၁၇ ကျပ်ကနေ ၂၂ ကျပ် အထိ စိုက်ထုတ်ရတယ်လို့ ဆိုပါတယ်)
ဆိုလိုတာက မဟာဓာတ်အားလိုင်း ကနေ ဓာတ်အားရနေသူတွေဟာ တစ်ယူ နစ်သုံးတိုင်း နေပြည်တော်အစိုးရထံက ပိုက်ဆံအနည်းဆုံး ၁၇ ကျပ်ကနေ ၃၇ ကျပ်အထိ ဆုတော်ငွေထပ်ဆောင်းရ နေပါတယ်။

 
မြန်မာနိုင်ငံမှာ မဟာဓာတ်အားလိုင်း ကနေ တစ်ရက်ကို ယူနစ်ပေါင်း နှစ်သန်း ကျော် သုံးစွဲနေပါတယ်။ ဆိုတော့ တစ်လ ကို အစိုးရက ကျပ်သန်း ၂၂၂၀ကျော်၊ တစ်နှစ်ဆိုရင် ကျပ်သန်း ၂၆၆၄၀ စိုက်သုံးနေရပါတယ်။ အဲဒါဟာဆိုရင် တနင်္သာရီတိုင်း အစိုးရအဖွဲ့ရဲ့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် အသုံးငွေရဲ့ ငါးပုံတစ်ပုံ နီးပါးရှိပါတယ်။ အဲဒါက အစိုးရကစိုက် ထုတ်သုံးနေရတဲ့ လျှပ်စစ်ယူနစ်ခ သက်သက်ပဲ ရှိပါသေးတယ်။

 
အခြားလိုင်းဆွဲခ၊ ဓာတ်အားခွဲရုံ ဆောက်တာစတဲ့စရိတ်တွေ မပါသေးပါ ဘူး။
နောက်ထပ် စိတ်ဝင်စားဖွယ်ကိန်း ဂဏန်းတစ်ခုက ပြည်ထောင်စုအစိုးရရဲ့ အသုံးစရိတ်ပါ။ ၂၀၁၆-၁၇ ဘဏ္ဍာရေး နှစ် အသုံးစရိတ်မှာ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီး ဌာနကိုခွဲပေးရတဲ့ အသုံးစရိတ်က ပြည်ထောင်စု စုစုပေါင်းရဲ့ လေးပုံတစ်ပုံ နီးပါး (၂၄.၃၂ရာခိုင်နှုန်း) ရှိပါတယ်။ (အဲဒီရာနှုန်းထဲက ဘယ်နေရာမှာ ဘယ် လောက် သုံးလဲဆိုတာ လောက်အထိတော့ ဗမောင်းစုံစမ်းဖို့ မစွမ်းသာတော့ပါ၊ သိသောလူကြီးမင်းများ ထပ်ပြီး လမ်းညွန် ပေးကြပါ) ဆိုတော့ အဲဒီလျှပ်စစ်နဲ့စွမ်းအင် အတွက်ရတဲ့ ဘဏ္ဍာငွေလေးပုံတစ်ပုံထဲက ဗမောင်းတို့ တနင်္သာရီတိုင်းမှာ ဘယ် လောက်များ သုံးနေလဲမသိ။

 

 

လူရှိရှိ၊ မရှိ ရှိ ထိန်လင်းနေအောင် ထွန်းထားတဲ့ နေပြည်တော်က လမ်းတွေမှာကော ဘယ်လောက်များ သုံးထားလဲမသိ။ ရန်ကုန်က အလှဆင် ရေပန်းတွေမှာ ကော ဘယ်လောက်ထိ ထွန်းထားလဲမသိ။
ဟိန္ဒားသတ္တုတွင်းကနေ တစ်လကို ပို့ပို့ပေးနေမဲ့ သိန်း၂၀၀၀ ကကော ဘယ် များ ရောက်သွားလဲ မသိ။အလွယ်ခွဲရရင် အဲဒီသိန်း၂၀၀၀ ရဲ့ လေးပုံတစ်ပုံက လျှပ် စစ်နဲ့စွမ်းအင်ကို ရောက်နေတာပေါ့နော်။ (တိုင်းနဲ့ ပြည်နယ်အစိုးရကို ခွဲပေးတဲ့ ဘတ်ဂျက်က သပ်သပ်ဆိုပေမဲ့ ပြည် ထောင် စုအစိုးရဘတ်ဂျက်နဲ့ဆို ပမွှားပါ) အဲဒီပိုက်ဆံတွေက ဘယ်ရောက်သွားပါ လိမ့်ဗျာ။
ဝန်ကြီးချုပ်ကြီးကတော့ သိတတ်ရှာ တယ်။ နေပြည်တော်အတွက် ဆိုပြီး။ အဲဒီ နေပြည်တော်ရောက်သွားတဲ့ ပိုက်ဆံ တွေဘယ်များ ပြန်စီးမလဲ တွေးမိတယ်။

 
အခုတော့ မိအေးကနှစ်ခါ ပြန်မက နာနေတော့တာပဲ။
ပထမဆုံ ; ပြည်ထောင်စုအစိုးရက အခွန်ရဖို့ ဒီကလူတွေ အနစ်နာခံနေရမယ်။ကိုယ့်ရေကိုယ့်မြေကို စတေးခံရမယ်။ ဒုတိယနာတာက ဒါပေမဲ့ အဲဒီအခွန်တွေက ကိုယ့်ဆီ ဘယ်လောက်လာနေလဲ။ ဘယ် နေရာတွေမှာ သုံးနေလဲ။ (အောက်ဖော်ပြ ပါပုံမှာ ပြည်ထောင်စုအစိုးရ အသုံး စရိတ်ကို ကြည့်နိုင်ပါတယ်)။

gov_expense_percent

 

အဲဒီမှာ အချိုးအစား အများဆုံးက လျှပ်စစ်နဲ့ စွမ်းအင်မှာ။
အဲဒီ လျှပ်စစ်နဲ့ စွမ်းအင်က ကိုယ့် ဆီရောက်ဖို့ မသေချာ။

 

 

သူများတွေမှာ လျှော့ဈေးနဲ့ (အစိုးရက တောင်စိုက် ထုတ်ပေးပြီး) လျှပ်စစ်ရနေချိန်မှာ ကိုယ်တွေမှာ ကိုယ့်ဘာသာ ကိုယ်ဝယ်သုံး နေရတယ်။ အဲဒီမှာ တတိယအကြိမ် နာပြန်တယ်။
မီးမရတော့ စီးပွားရေးလုပ်ငန်းတွေ မချဲ့နိုင်။ ကိုယ့်ဆီက လုပ်ငန်းအသေးတွေ မချဲ့နိုင်တဲ့ အပြင်ကို အပြင်က လုပ်ငန်း တွေလည်းမလာ။ လာတော့ အလုပ်အကိုင် အခွင့်အလမ်းမရ။ အဲဒီမှာ စတုတ္ထအကြိမ် နာပြန်တယ်။
မီးမရတော့ မီးဖိုချောင်မှာ ထင်းတို့ မီးသွေးတို့ သုံးရ။ ဒီတော့ ဒီရေတောတွေ ပျက်၊ တောင်တောတွေ ပျက်။ ဒီတော့ပတ် ဝန်းကျင်ပျက်၊ ပတ်ဝန်းကျင်ပျက်တော့ . . . ။တော်ပြီ ထပ်မပြောတော့ဘူး။ မိအေးထုံသွားပြီ၊ နာလွန်းလို့။ဆိုတော့ ကျုပ်တို့တိုင်းပြည်ကြီးကဖက်ဒရယ်ပြည်ထောင်စုကြီးဆီ သွားနေ ပါတယ်။ ဟုတ်ပါတယ်။ ဘဏ္ဍာငွေ ကြပ်တည်းတဲ့ ချင်းပြည်လိုဟာမျိုးကို ခွဲပေးရမယ်။ ဒါပေသိ အခုလိုမျိုး ကိုယ်တွေနယ်မှာ မတရားခံနေရတာတော့ သိပ်တော့မဟုတ်သေး။ တိုင်းပြည် အတွက်ဝင်ငွေ အရှာပေးဆုံး တိုင်းထဲ ပါတဲ့ ဒေသတစ်ခုက အဲလိုထပ်ပြီး လည် ပင်း ညှစ်ခံနေရတာတော့ မဟုတ်သေးဘူး။
နိုင်ငံတော် သီချင်းထဲဆိုနေကျ အေးအတူပူအမျှလည်း မဟုတ်၊ ခွင့်တူ ညီမျှလည်း မဟုတ်။

 
ဆိုတော့ တိုင်းအစိုးရအနေနဲ့လည်း နေပြည်တော်မျက်နှာ ပထမလား၊ ကိုယ့် တိုင်းဒေသကြီးထဲက မဲဆန္ဒရှင် ပြည်သူ များမျက်နှာ ပထမလား။ အဲဒီကြားထဲ ဘယ်လိုချိန်ညှိမလဲ။အခုထိတိုင်းအစိုးရက လျှပ်စစ်မီး ကိစ္စ ရွှေပျောက်သလိုလို၊ အတိတ်မေ့ သလိုလို လုပ်တုန်း။ အခုတော့ မိအေးမနေနိုင်လွန်းလို့နေပြည်တော်က အမေ့ဆီတမ်းတရင်း အသံလေး ထွက်ပြီးတော့ ညည်းပါရစေ ဗျာ။
မိအေး နာလှပြီ အမေ။

 

ရည်ညွန်းကိုးကားချက်များ –
လျှပ်စစ်မျှခြေ – မအိ၊   The Voice Weekly Vol 12. No. 40
ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)
၂၀၁၆-၁၇ခုနှစ် ရသုံးမှန်းခြေငွေ စာရင်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့