မြိတ်တွင် ဒီရေတောပွဲတော် ကျင်းပမည်

0
450

မြိတ်မြို့ကမ်းနားလမ်း မြိတ်ကုန် တိုက်(Shopping Mall)တွင် ဒီရေ တောပွဲတော်ကို နိုဝင်ဘာလ ၂၆ ရက်မှ စပြီး နှစ်ရက်တာ ကျင်းပ ပြုလုပ်သွား မည်ဖြစ်ကြောင်း ယင်းပွဲတော် ဖြစ် မြောက်ရေး တာဝန်ခံ ဦးမျိုးဦးထံမှ သိရ သည်။


အဆိုပါပွဲတော်တွင် ဒေသခံများ၏ ဒီရေတောနှင့်ပတ်သက်၍ သိလိုသည့် မေးခွန်းများကို အမေးအဖြေအစီအစဉ်၊ ပညာရှင်များ၏ဆွေးနွေးသည့်အစီ အစဉ်တို့ ပါရှိမည်ဖြစ်ကြောင်း ယင်းပွဲ ဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။
” ဒီရေတောက ဒေသခံတွေရဲ့ စားဝတ်နေရေးအတွက် ရပ်တည်နေရ တာကို မြို့နေလူတန်းစားတွေလည်း သိစေချင်ပြီး စားဝတ် နေရေးအတွက် အရေးကြီးတယ်ဆိုတဲ့ မက်ဆေ့ကို ပေး ချင်တဲ့အတွက် ပြုလုပ်ရခြင်း ဖြစ်ပါ တယ်”  ဟု တာဝန်ခံ ဦးမျိုးဦးက ပြော သည်။
ထို့ပြင် ဒီရေတောနှင့် ပတ်သက်ပြီး သရုပ်ပြများ၊ လက်ကမ်းစာစောင်များ ဂိမ်းများပါဝင်မည်ဖြစ်ကာ ဒီရေတော ထွက် ပစ္စည်းများ၊ သားငါးများ၊ ဓနိပင်မှ ထွက်ရှိသည့် အသုံးဆောင်ပစ္စည်းများနှင့် ပျားရည်များတို့ကိုလည်း ပြသထား မည်ဖြစ်ကြောင်း သိရသည်။
ဒီရေတောများ ခုတ်ယူခြင်းကို  တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က တားမြစ်ထားသော်လည်း လက်ရှိအချိန် ထိ တရားမဝင် ခုတ်ယူခြင်းများ ရှိနေ သေးကြောင်း ကျွန်းစုမြို့ခံ တစ်ချို့က ပြောသည်။

 
အဆိုပါ ဒီရေတော ပွဲတော်ကို အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရိစ္ဆာန် နှင့် သဘာဝအပင်များအဖွဲ့နှင့် မိတ်ဖက် အဖွဲ့များမှ ကြီးမှူးပြီး ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။