မွန်တွင် ရော်ဘာကဏ္ဍပြုပြင်ပြောင်းလဲရေး ပထမဆုံးအကြိမ် ဆွေးနွေး

0
473

မွန်ပြည်နယ်အတွင်း ရော်ဘာကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် ပထမဆုံး အကြိမ် ဆွေးနွေးပွဲတစ်ရပ်ကို မော်လ မြိုင်မြို့ ရာမညဟိုတယ်တွင် နိုဝင်ဘာ ၁၈ နှင့် ၁၉ ရက်တို့က ၂ ရက်တိုင် ကျင်းပခဲ့သည်။


ဆွေးနွေးပွဲကို မွန်ပြည်နယ်အတွင်း ရော်ဘာကဏ္ဍ လက်ရှိကြုံတွေ့လျက်ရှိ သောစိန်ခေါ်မှုများနှင့် အခက်အခဲများကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာရန်အတွက် ကျင်းပရခြင်းဖြစ်သည်ဟု မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒေါက် တာဇော်ဦးက ပြောသည်။
မွန်ပြည်နယ်အတွင်း ရော်ဘာကဏ္ဍသည် ထုတ်လုပ်မှုအားနည်းခြင်း၊ အရည်အသွေးနိမ့်သောသန့်စင်မှု၊ ဈေး ကွက်မဟာဗျူဟာအားနည်းခြင်း၊ အရည် အသွေးစစ်ဆေးမည့် စနစ်မရှိခြင်း၊ အမျိုး သားအဆင့် စုဖွဲ့မှုအားနည်းခြင်း အစရှိ သည့်အားနည်းချက်များ ရှိနေသည် ဟု လည်း ဒေါက်တာဇော်ဦးက ပြောသည်။

 
မြန်မာ့လူမှု စီးပွားဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့နှင့် ခမေန အဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် ယင်းဆွေးနွေးပွဲသို့ မွန် ပြည်နယ်အစိုးရအဖွဲ့ အစိုးရဌာန ဆိုင် ရာများ၊ မွန်ပြည်နယ် ရော်ဘာလုပ်ငန်း ရှင်များ အသင်းမွန်ပြည်နယ် ၁၀ မြို့ နယ်မှ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူ များအသင်း ရော်ဘာစိုက်ပျိုးသူများ တက်ရောက်ကြသည်။

 
မွန်ပြည်နယ်သည် ရာဘာစိုက်ပျိုး ရာအများဆုံးဒေသတစ်ခုဖြစ်ပြီးအများစုသည် အသေးစားရော်ဘာစိုက်ပျိုး သူများဖြစ်ကာ ပြည်နယ်တစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းခန့်သည် အသေးစားစိုက် ပျိုးသူများဖြစ်သည်။