ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ အသက်မပြည့်စုံတွဲ လက်မခံရ

0
624

ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ အသက်မပြည့်သည့် လူငယ်စုံတွဲများအား လက်ခံထားရှိခြင်း မပြုရန် အသိပေး ထားကြောင်း ကော့သောင်းမြို့မရဲစခန်းမှ သိရသည်။


အသက်မပြည့်သေးသည့် မိန်း ကလေးငယ်များအား တည်းခိုခန်းတွင် ခေါ်ဆောင်ပြီး သားမယားအဖြစ်  ပြု ကျင့်ခံရသည့်ဖြစ်စဉ်များနှင့် ပတ်သက် ၍ မကြာခဏတိုင်ကြား ခြင်းဖြစ် ပေါ်လျက်ရှိသောကြောင့် ယင်းအသိပေး ထားခြင်း ဖြစ်သည်ဟု သိရသည်။
” တည်းခိုခန်းတွေကလဲ အခုလို ပူးပေါင်းဆောင်ရွက်ပေး စေချင်တဲ့ သဘော နဲ့ အသိပေးထားပါတယ်၊ အကယ်၍ ကြိုတင် သတိပေးထားလျက် စစ်ဆေးလို့ တွေ့ရှိခဲ့ရင်တော့ ဥပဒေနှင့်အညီ အရေး ယူသွားမှာ ဖြစ်ပါတယ်” ဟု ခေတ္တ စခန်းမှူး ရဲအုပ်ဦးအေးကြိုင်မှ ရှင်းပြသည်။
ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ ကို အသိပေးခြင်းအား နိုဝင်ဘာ ၁၇ ရက်က ဘုရင့်နောင် ရဲရိပ်သာတွင် ပြု လုပ်ခဲ့ပြီး အသက် ၁၆ နှစ်အောက် အမျိုးသမီးငယ်များနှင့် အမျိုးသားတို့ လာရောက်တည်းခိုပါက ချက်ခြင်း သတင်းပေးပို့ပါရန် အသိမပေးဘဲ တည်းခိုခွှင့်ပြုပါက ဥပဒေအတိုင်း အရေးယူသွားရန် ပြောကြားခဲ့သည်။