မဟာချိုင်တွင် ပိုက်ကျော်ခြင်း ခတ်နေသည့် မြန်မာလုပ်သား ၂၀ ကျော် အဖမ်းခံရ

0
446

ထိုင်းနိုင်ငံ မဟာချိုင်မြို့ ဝင်ပါပို ရပ်ကွက်တွင် ပိုက်ကျော် ခြင်းကစားနေ သော မြန်မာလုပ်သား ၂၂ဦးကို ငွေ ကြေးဖြင့်  လောင်းကစား လုပ်သည်ဟု ဆိုကာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မဟာချိုင်တရားရုံးတင် ခဲ့ကြောင်း  ထိုင်း နိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ ( MAT )အဖွဲ့ထံမှ သိရသည်။


ပုစွန်အခွံခွာ စက်ရုံအလုပ်သား မြန်မာလုပ်သား ၂၂ ဦးသည် ပိုက်ကျော် ခြင်းခတ်ကစားမှု ကို ဘတ်ငွေ ၂၀ ဖြင့် လောင်းကစားပြုလုပ်နေသည်ဆိုကာ မဟာချိုင်ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၄ ရက် ညနေတွင် လာရောက် ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

 
” မြန်မာလုပ်သားလေးတွေ အချင်း ချင်းဘောလုံးကန်တာ၊ ခြင်းခတ်တာ တွေရှိပါတယ်။ ထိုင်း ပုလိပ်တွေက အဲဒါကို ပိုက်ဆံ အသုံးပြုလောင်းကစား လုပ်နေတယ်ဆိုပြီး ဖမ်းတာပါ။ ပြောရ မယ်ဆိုရင် ဒါဟာ သက်သက်မဲ့ ဖမ်းဆီး တာပေါ့” ဟု မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ ဒါရိုင်တာ ဦးကျော်သောင်းက ပြောသည်။ ဖမ်းဆီးခံ မြန်မာလုပ်သား အား လုံးသည် ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်သူများဖြစ်ကြောင်းလည်း  ဦးကျော် သောင်းက ဆက်လက် ပြောကြားသည်။

 
” ကျွန်တော့်သားလည်း အားလပ် ရက်မို့ အားကစားလုပ်နေတာ ပဲလေ။ ကလေးတွေပျော်ပျော်ရွှင် ရွှင်ကစားနေ တာဆိုပြီး ခပ်လှမ်း လှမ်းကကြည့်နေတာ။ မဟာချိုင်မှာ ပုလိပ်တွေတော်တော်ကို လွန်နေပြီ။ ဒီလိုမျိုး ဖမ်းဆီးငွေညှစ်ခံ နေရတာ မနည်းတော့ဘူး” ဟု ဖမ်း ဆီးခံမြန်မာလုပ်သားတစ်ဦး၏ ဖခင် ဦးလှဝင်းက ပြောသည်။၂၀၁၅ ကလည်း မဟာချိုင်မြို့တွင် ဘောလုံးကစားနေသော မြန်မာလုပ်သား များကို လောင်းကစားပြုလုပ်သည်ဆိုကာ  ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးဒဏ်ရိုက်ခဲ့ ဖူးသည်။