မောင်းမကန် မြို့ ပြအစီအစဉ် ရေးဆွဲရန် ခြေလှမ်းပြင်

0
475

တပ်မတော်က တပ်သိမ်းမြေအဖြစ် သိမ်းယူထားခဲ့သည့် မောင်းမကန်ကမ်း ခြေနှင့် ရွာမြေများကို ပြီးခဲ့သည့် နိုဝင် ဘာလဆန်း ပိုင်းက တပ်သိမ်းမြေအဖြစ်မှ စွန့်လွှတ်လိုက်ပြီဖြစ်သည့်အတွက် မြို့ပြ အစီအစဉ်(Town Plan ) ဆွဲရန် စတင် စီစဉ်နေပြီ ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ်က ပြောကြား သည်။


တပ်မတော်က အဆိုပါနေရာရှိ ဧက ၃၀၀၀ ကျော်ကို စွန့်လွှတ် လိုက်ပြီ ဖြစ်ပြီး မြို့ပြအစီအစဉ်ဆွဲရန် မြေစာရင်း ဦးစီးဌာနကို အိမ်များ၊ လမ်းများ၏ စာရင်းကောက်ခိုင်းထားကြောင်း ဝန်ကြီး ချုပ်က ဆိုသည်။” Town Plan  ဆိုတာ မလွယ်ဘူး၊ ဈေးလည်း လုပ်ပေးရမယ်၊ အားကစား ကွင်း ရှိရမယ်၊ ကျောင်းရှိရမယ် အစသ ဖြင့်ပေါ့နော်၊ အဲဒါတွေပြန်ပြီး ဆွဲရမယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။

 
လက်ရှိအချိန်တွင် စာရင်းကောက် နေဆဲဖြစ်သည့်အတွက် မည်သည့် အ ချိန်တွင် မြို့ပြအစီအစဉ်ဆွဲခြင်း ပြီးစီး မည်ကို မသိနိုင်သေးကြောင်း ဝန်ကြီး ချုပ်က ဆိုသည်။မောင်းမကန်ရွာအား မြို့ပြအစီ အစဉ် ဆွဲခြင်းကို ကြိုဆိုသော်လည်း နည်းမှန်လမ်းမှန်ဖြစ်စေလိုကြောင်း မောင်းမကန်ရွာမှ ဒေသခံဖြစ်သူ ဦးထွန်း ကြည်က ဆိုသည်။
မောင်းမကန်ဒေသအား မြို့ပြ အစီအစဉ်  (T own Plan) ရေးဆွဲပြီး ပါက ဟိုတယ်ဇုန်တစ်ခု တည်ထောင်ရန် ရည်မှန်းထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး                  ဦးမြင့်မောင်က ပြောကြားခဲ့ဖူးသည်။