ကံပေါက် ၂၀၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စီမံကိန်းအတွက် ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းစတင်

0
345

ထားဝယ်ခရိုင်၊ ကံပေါက်ဒေသတွင် တည်ဆောက်မည့် ၂၀၀ မဂ္ဂါဝပ် လျှပ်စစ် ဓာတ်အားပေး စက်ရုံစီမံကိန်း အတွက် ပတ်ဝန်း ကျင်နှင့် လူမှုဝန်းကျင် ထိခိုက် မှုဆန်းစစ်ခြင်း လုပ်ငန်း (ESIA) ကို စတင်လုပ်ဆောင်လျက်ရှိကြောင်းERM   အဖွဲ့ထံမှ သိရသည်။


၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်းသည် ထားဝယ်ဒေသအတွက် အဓိက ရည်ရွယ်ခြင်းမဟုတ်ဘဲ နိုင်ငံ တစ်ခုလုံး၏ လျှပ်စစ်ဓာတ်အား လိုအပ် ချက်ကို ဖြည့်ဆည်းနိုင်ရည်ရွယ်ခြင်းဖြစ် ကြောင်း စီမံကိန်း အချက်အလက်များအရ သိရသည်။
မဟာဓာတ်အားလိုင်း ထားဝယ်သို့ ရောက်ရှိလာမည့်အချိန်တွင်၂၀၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အား လိုင်းပေါ်တင်ပေးရန်ဖြစ်ကြောင်း ERM  အဖွဲ့ တာဝန်ရှိသူက ပြောသည်။

 
မဟာဓာတ်အားလိုင်း ထားဝယ်သို့ မည်သည့်အချိန်ရောက်ရှိမည် ဆိုသည် ကို အစိုးရက တိကျသည့်အချိန်တစ်ခုကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ယင်းစီမံကိန်းကိုမူ ၂၀၂၀ နှစ်ကုန်ပိုင်း တွင် စတင်လည်ပတ်မည်ဟု ဆိုသည်။
ESIA  လုပ်ငန်းများကို ၂၀၁၇ ခု နှစ်၏ ပထမ ၃ လ အတွင်း ပြီးမြောက် အောင် လုပ်ဆောင်မည်ဖြစ်ပြီး ၂၀၁၇ နှစ်ကုန်ပိုင်းတွင် စတင်တည်ဆောက် မည်ဖြစ်ကြောင်း စီမံကိန်းအချက်အလက် များအရ သိရသည်။

 
စီမံကိန်း အကောင်အထည်ဖော်မည့် Myanmar UPA   ကုမ္ပဏီသည် ယခင် အစိုးရသက်တမ်း မကုန်မီရက်ပိုင်း အလို ဖြစ်သည့် ၂၀၁၆ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာနနှင့် လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက် က ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးတွင် ပြုလုပ်သည့် ပထမ အကြိမ်သက်ဆိုင်သူများနှင့် တွေ့ဆုံပွဲ တွင် စီမံကိန်းအကောင်အထည်ဖော်မည့် Myanmar UPA   ကုမ္ပဏီ၊ ESIA လုပ်ဆောင်မည့် ERM အဖွဲ့၊ ERM အဖွဲ့ကို ထောက်ပံ့ပေးမည့် SEM အဖွဲ့ တို့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်^ကျေး အုပ်ချုပ်ရေးမှူး များနှင့် ရပ်မိရပ်ဖများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ စီမံကိန်း အချက်အလက်များကို ရှင်းလင်းခဲ့သည်။