ပွက်လောရိုက် တိုင်းလွှတ်တော်တင်ဒါ ပြန်ခေါ်

0
565

ဝေဖန်သံ ပွက်လောညံပြီးနောက် တင်ဒါအောင်စာရင်း ဖျက်သိမ်းခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် အိပ်ဖွင့်တင်ဒါများ အသစ်ပြန်လည် တင် သွင်းရန် ဖိတ်ခေါ်ထားပြီဖြစ်ကြောင်း တင်ဒါခေါ်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးကြည်စိုး (တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ)ထံမှ သိရသည်။


တင်ဒါအဆိုပြုလွှာတင်သွင်းသည့် ပုံစံများအား နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင် ဘာ ၇ ရက်အတွင်း လွှတ်တော်ရုံးတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။ ”ေ က်ာမတီနဲ့ ဆုံးဖြတ်ရွေးချယ် မှာပါ၊ တင်ဒါပွဲကို ပွင့်လင်းမြင်သာမှု ရှိအောင် မီဒီယာနဲ့ အများပြည်သူရှေ့မှာ လုပ်နိုင်အောင် စီစဉ်နေတယ် ” ဟု ဦးကြည်စိုးက ပြောသည်။သက်ဆိုင်ရာ အင်ဂျင်နီယာပညာ ရှင်များနှင့် အစိုးရအဖွဲ့နှင့် ဌာနများမှ တင်ဒါအတွေ့အကြုံရှိသူများ၏ အကြံ အဉာဏ်ကိုပါ ရယူသွားမည်ဟု ဦးကြည် စိုး ပြောသည်။

 
ယခု တင်ဒါခေါ်ယူရေးကြီးကြပ်မှုကော်မတီတွင် ယခင်တင်ဒါကော်မတီ အဖွဲ့ဝင်များထဲမှ ဝန်ကြီး ၂ ပါးမှအပ ကျန်ကော်မတီဝင် အားလုံး ပါဝင်လာပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ၄ ဦးနှင့် မြို့မိမြို့ဖ ၂ ဦး ထပ်တိုးဖွဲ့စည်းထားကြောင်း သိရသည်။
တနင်္သာရီတိုင်း ဒေသကြီးလွှတ် တော် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ် ငန်းများ ဆောင်ရွက်ရန်အတွက် ဩဂုတ် လ ၂၁ ရက်နေ့တွင် အိပ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ဖူးရာ ဆန္ဒထုတ်ဖော်ကွင်း (ဟစ်တိုင်) လုပ်ငန်းတွင် ကုမ္ပဏီ ၂၂ ခု၊ ရေအရင်းအမြစ်တူးဖော် သွယ်တန်း ခြင်းနှင့် ခြံစည်းရိုးကာရံခြင်း လုပ်ငန်း တွင် ကုမ္ပဏီ ၁၈ ခု၊ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းတွင် ကုမ္ပဏီ ၁၁ ခု၊ လျှပ်စစ် လုပ်ငန်းတွင် ကုမ္ပဏီ ၅ ခု၊ ဓါတ်လှေကားလုပ်ငန်းတွင် ကုမ္ပဏီ ၂ ခု၊ လွှတ်တော်ရုံး ဆောက်လုပ်ခြင်း လုပ်ငန်းတွင် ကုမ္ပဏီ ၂ ခု ဝင်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။

 
ယင်း ဆောက်လုပ်ရေးလုပ်ငန်း ၆ ခု တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ စာရင်းကို အောက်တိုဘာလ ၂၀ ရက် တွင် ထုတ်ပြန်ကြေညာခဲ့ရာ လွှတ်တော် အသိုင်းအဝိုင်းနှင့် ဆွေမျိုးနီးစပ်သူများ၊ နှီးနွယ်ပတ်သက်သူများ တင်ဒါအောင်ခဲ့ သည်ဟု ဝေဖန်သံများ ပွက်လောညံခဲ့ သည်။

 
ယင်းသို့ ဝေဖန်သံညံပြီး နောက် တစ်ပတ်အကြာ အောက်တိုဘာလ ၂၈ ရက်နေ့တွင် လုပ်ငန်းတစ်ခုချင်းစီ အလိုက် စံချိန်စံညွှန်း ပြောင်းလဲသတ်မှတ်ရန် လိုအပ်သည်ဟုဆိုကာ တင်ဒါအောင် စာရင်းကို ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့သည်။
စံချိန် စံညွှန်းသတ်မှတ်ချက် သတ် သတ်မှတ်မှတ် မပေးနိုင်ခြင်းနှင့် မြေပြင် ကွင်းဆင်းမှု အခြေအနေအရ ချပေးထား သည့်ဘတ်ဂျက်နှင့်ငွေပမာဏ ကွာဟမှု အချက်နှစ်ချက်ကြောင့် ဖျက်သိမ်း ခဲ့ရကြောင်း ကော်မတီဥက္ကဋ္ဌ ဦးကြည်စိုး က ပြောသည်။

 
” မကင်းရာ မကင်းကြောင်းတွေကို ဆွဲခေါ်ပြီး လက်သိပ်ထိုးပေးတယ် ဆို တာလုံးဝမဟုတ်ပါဘူး” ဟု ဦးကြည်စိုး က ပြောသည်။
ပြီးခဲ့သည့် အကြိမ်က တင်ဒါ အောင်ခဲ့သည့်  G3 GROUP  ကုမ္ပဏီမှ လည်း ယခု အသစ်ပြုလုပ်မည့် တင်ဒါ ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဟု ကုမ္ပဏီပိုင်ရှင် ဦးဖြိုးပိုင်က ဆိုသည်။” ဝင်မပြိုင်ဘူးဆို လူကြီးတွေနဲ့များ ပေါင်းရိုက်တာလားဘာလား လူတွေက ထင်နေဦးမယ်ဗျ၊ ကိုယ့်ကုမ္ပဏီသိက္ခာအတွက်ဝင်ပြိုင်မှာပါ ” ဟု ဦးဖြိုးပိုင်က ပြောသည်။

 
အရင်တင်ဒါအောင်စာရင်း  ဖျက်ခဲ့ သည်ကို တာဝန်ရှိသူများအား မေးခွန်း ထုတ်ခဲ့ဖူးပြီး အကြောင်း အကျိုးမခိုင်လုံ ဘဲ တင်ဒါအောင်စာရင်းကို ဖျက်ခဲ့ခြင်း အတွက် စိတ်မကောင်းဖြစ်မိသည် ဟု ဦးဖြိုးပိုင်က ဆိုသည်။