မောင်းမကန်ကမ်းခြေကို အများပြည်သူပိုင် နေရာအဖြစ်သာ ထားမည်

0
816

မောင်းမကန်ကမ်းခြေနှင့် မောင်း မကန်ရွာ မြေနေရာအချို့ကို နိုဝင်ဘာ လဆန်းပိုင်းက တပ်သိမ်းမြေအဖြစ်မှ ပယ်ဖျက်လိုက်ပြီး နောက်ပိုင်းတွင် ကမ်း ခြေရှိ ပုဂ္ဂလိကဘန်ဂလိုနေရာများကို အများပြည်သူပိုင် နေရာအဖြစ်သာ ထား ရှိသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်က ပြောကြား သည်။


အဆိုပါ ပုဂ္ဂလိကပိုင် ဘန်ဂလို နေရာများအတွက် ရထားသည့် နှစ် ၃၀ မြေငှားဂရန်မှာ ပြီးခဲ့သည့် ၂၀၀၅ ခုနှစ် ကတည်းက သက်တမ်းကုန်သွားပြီဖြစ် ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုသည်။” ကမ်းခြေမြေကို ကျွန်မတို့ အစိုး ရလက်ထက်မှာ အများပြည်သူပိုင်မြေ အဖြစ်သာထားမယ်၊ နောက်အစိုးရ လက်ထက်တော့ မသိဘူးပေါ့ ” ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။သို့ရာတွင် ဘန်ဂလိုပိုင် ရှင်များ၏ ဆန္ဒကိုလည်း မျက်ကွယ်ပြုမည်မဟုတ် ဘဲ ၎င်းတို့နှင့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်း သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

 
” မနေ့တစ်နေ့ကမှ ဆောက်ထားတဲ့ အခုမှ ပေါက်တဲ့ ရွှေကြာပင်တွေ    ဟာ မျိုးတွေ အရင်ရှင်းဖို့ လိုတယ်”  ဟု မောင်းမကန်ကမ်းခြေရှိ ဘန်ဂလို ပိုင်ရှင် တစ်ဦးက ပြောသည်။ ကမ်းခြေတွင် နှစ်ပေါင်းများစွာ ကတည်းကဂရန်နာမည်ပေါက်ပြီး အစဉ် အလာအားဖြင့် တည်ဆောက်ထားသည့် ဘန်ဂလိုများရှိသကဲ့သို့ နောက်မှ ဆောက် သည့် ဟိုတယ်၊ ဘန်ဂလိုများလည်း ရှိနေကာ ယင်းဟိုတယ်၊ ဘန်ဂလိုများ ကို အရင်ရှင်းသင့်ကြောင်း အဆိုပါ ဘန်ဂလိုပိုင်ရှင်က ဆိုသည်။

 
မောင်းမကန်ကမ်းခြေ မြောက် ဘက်အဖျားတွင် တည်ဆောက်ထား သည့် TDDPC က မြေဧက ၇၂.၀၇ ပေါ်တွင် ကျူးကျော် ဆောက်ထားသည့် ဘန်ဂလိုများကိုလည်း ဖျက်သိမ်းရန် ညွှန်ကြားထားကြောင်း ဝန်ကြီးချုပ်က ပြောသည်။
နိုဝင်ဘာလ ၂ ရက်မှ ဒီဇင်ဘာလ ၁၆ ရက်အထိ ၄၅ ရက်အတွင်း ဖျက်သိမ်းခြင်းနှင့် သယ်ယူခြင်း လုပ် ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း လောင်းလုံး မြို့နယ်အုပ်ချုပ် ရေးမှူးရုံး ၏ ညွှန်ကြားစာတွင် ဖော်ပြထားသည်။

 
ကမ်းခြေတောင်ဘက်ရှိ TDDPC ကိုမူ ယခင် တပ်သိမ်းမြေအတွင်းတွင် ပါဝင်ခြင်းမရှိဘဲ သဲဖို့ပြီး အသစ်ဖြစ်လာ သည့်မြေဖြစ်ရာ လုပ်ကိုင်ခွင့် ပြုနိုင်သည့် အတွက် အခြားနည်း အသုံးပြုခွင့်(မြေပုံ ၁၀၅) ဆွဲခိုင်းထားကြောင်း တိုင်းဒေ သကြီး ဝန်ကြီးချုပ်က ဆိုသည်။
မောင်းမကန်ကမ်းခြေနည်းတူ တီဇစ်ရွာရှိ ဖိုးလမော်ကမ်းခြေတွင်လည်း ဟိုတယ်လုပ်ငန်းလုပ်ခွင့်ပြုမည် မဟုတ် ကြောင်း ဝန်ကြီးချုပ် ကပြောကြားခဲ့ဖူး သည်။