လူငယ်မူဝါဒရေးဆွဲရေး ဗဟိုကော်မတီလူငယ်ကိုယ်စားလှယ် တနင်္သာရီတိုင်းမှ တစ်ဦးအရွေးခံရ

0
437

ပြည်ထောင်စုအစိုးရ၏ အစီအစဉ် ဖြင့် ရေးဆွဲမည့် လူငယ်မူဝါဒရေးဆွဲရေး ဗဟိုကော်မတီတွင် ပါဝင်ရန် တစ်နိုင်ငံ လုံးကိုယ်စားပြုသည့် လူငယ်ကိုယ်စား လှယ် ၂ ဦးရွေးချယ်ရာတွင် တနင်္သာရီ တိုင်းကတစ်ဦး အရွေးခံခဲ့ရသည်။


လူငယ်များ ဦးဆောင်ကျင်းပသည့် ပြည်ထောင်စုအဆင့် လူငယ်မူဝါဒမူကြမ်းရေးဆွဲရေးညီလာခံကို နိုဝင်ဘာလ ၁၆ နှင့် ၁၇ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး ယင်းညီလာခံတွင် တစ် နိုင်ငံလုံးကို ကိုယ်စားပြုမည့် လူငယ် ကိုယ်စားလှယ် ၂ ဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ယင်းသို့ရွေးချယ်ရာတွင် တနင်္သာရီတိုင်း လူငယ်ကွန်ရက်မှ ကိုဟိန်းထက်နှင့် ကရင်ပြည်နယ်မှ နန်းထက်ထက်လင်းစိုးတို့ အရွေးချယ် ခံခဲ့ရကြောင်း တနင်္သာရီတိုင်းကိုယ်စား ပြုတက်ရောက်သည့် လူငယ်ကိုယ်စား လှယ်များထံမှ သိရသည်။

 
” အစကတော့ တိုင်းတစ်တိုင်းရဲ့ လူငယ်တွေကိုပဲ ကိုယ်စားပြုတယ်။ အခု ကတော့ နိုင်ငံရဲ့ ကိုယ်စားပြုဖြစ်သွား တာဆိုတော့ တစ်နိုင်ငံလုံးရဲ့အရေးကို လည်း ထည့်စဉ်းစားရမှာပါ”  ဟု လူ ငယ်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ ရသည့် ကိုဟိန်းထက်က ပြောသည်။
ပြည်ထောင်စုအဆင့် လူငယ်မူဝါဒ မူကြမ်းရေးဆွဲရေး ညီလာခံကို ပြည်နယ် နှင့်တိုင်းအသီးသီးမှ လူငယ်ကိုယ်စား လှယ် ၁၂ ဦးစီ တက်ရောက်ခဲ့ကြပြီး ယင်း ၁၂ ဦးစီထဲမှ ၁ ဦးစီက တိုင်းနှင့် ပြည်နယ်ကိုယ်စားပြုအနေဖြင့် အရွေးခံ ခဲ့ကြခြင်း ဖြစ်သည်။

 
ကိုဟိန်းထက်မှာ ထားဝယ်တိုင်း ရင်းသားများပါတီတွင် လူငယ်နှင့် အလုပ်သမားရေးရာ တာဝန်ခံတစ်ဦး လည်းဖြစ်သည်။
လူငယ်ရေးရာမူဝါဒအတွက် ပြည် ထောင်အစိုးရက လူငယ်မူဝါဒမူကြမ်းရေးဆွဲရေးအဖွဲ့၊ လူငယ်မူဝါဒရေးဆွဲရေး လုပ်ငန်း ကော်မတီ၊ လူငယ်မူဝါဒရေး ဆွဲရေးဗဟိုကော်မတီစသဖြင့် မူဘောင်ချ ထားပြီးဖြစ်ပြီး ယင်းလုပ်ငန်းအဆင့် ဆင့်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ နှင့်အတူ လူငယ်များက ရွေးချယ်ထား သည့် ကိုယ်စားလှယ်များက ဝင်ရောက် ဆွေးနွေးကြရမည် ဖြစ်သည်။

 
လူငယ် မူဝါဒမူကြမ်းရေးဆွဲရေး အဖွဲ့တွင် ရှမ်းပြည်နယ်အတွက် ၃ ဦးနှင့် ကျန်ပြည်နယ်နှင့်တိုင်းများက ၂ ဦးစီ စုစုပေါင်း ၂၉ ဦး၊ လူငယ်မူဝါဒရေးဆွဲ ရေးလုပ်ငန်းကော်မတီအတွက် ရှမ်းပြည် နယ်အတွက် ၄ ဦးနှင့် ကျန်တိုင်းနှင့်ပြည် နယ်များမှ တစ်ဦးစီ စုစုပေါင်း ၁၆ ဦး တို့က ဝင်ရောက် ဆွေးနွေးကြရမည် ဖြစ်သည်။