နေ့ခင်းကြောင်တောင် အလှူ ခံပုံး ၀င်ခိုးသူ ကို ဦးဇင်း ကိုယ်တိုင် ဖမ်း

0
422

ကော့သောင်းမြို့ ရွှေသာလျောင်း ဘုရားတွင် နေ့ခင်းကြောင်တောင် အလှူခံ ပုံး ခိုးသူကို ဦဇင်းကိုယ်တိုင် ဖမ်းမိခဲ့ ကြောင်း တောင်ပေါ် ပရိယတ္တိစာသင် တိုက် ဂေါပကအဖွဲ့ထံမှ သိရသည်။


နိုဝင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီခန့်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဘု ရားကြီးရှေ့ရှိ အလှူခံပုံးထဲမှ ငွေများအား နှိုက်ယူနေစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” စောင့်ဖမ်းနေတာ ကြာပြီ၊ ဒီ ကောင် လေးက မနှစ်ကလဲ ရပ်ကွက်ရုံးမှာ ခံဝန်ဂတိ ထိုးထားဖူးတယ်၊ မကြာခဏ ခိုးခံထိပေမဲ့ လက်ပူးလက်ကြပ်မမိသေး လို့ သတိထားစောင့်နေတာ၊ အခုက သော့ခတ်ထားတဲ့ သံဘာဂျာတံခါးကို ဖြဲဝင်ပြီးအထဲမှာ ပိုက်ဆံနှိုက်ယူနေ တုန်းမိတာ “ဟု တောင်ပေါ်ပရိယတ္တိ စာသင်တိုက်တွင် သီတင်းသုံးနေသည့် ဦးဇင်း ဦးကုသလက ပြောပြသည်။
ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက် နေ အသက် ၁၆ နှစ်အရွယ်ရှိ အဆိုပါ လူငယ်အား မြို့မ ရဲစခန်းတွင် ဖမ်းဆီး ထားပြီး မည်သို့ အရေးယူဆောင်ရွက် မည်ကို မသိရသေးပေ။