ထားဝယ်တန်ဆောင်တိုင်ကာလအတွင်း ယာဉ်တိုက်မှုကြောင့် လူနာနှစ်ဆယ်ဦး ပို့ဆောင်ပေးခဲ့ရ

0
722

ထားဝယ်မြို့ ဘာသာရေးပွဲတော် များတွင် အစည်ကားဆုံးဖြစ်သည့် တန် ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ ကာလအတွင်း ယာဉ်တိုက်မှုများကြောင့် လူနာ ၂၀ ဦး ပို့ဆောင်ပေးခဲ့ရကြောင်း ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိ အရေး ပေါ်လူနာသယ်ဆောင်ရေး အဖွဲ့ထံမှ သိ ရသည်။


ဘုရားပွဲတော်ကာလဖြစ်သည့် နိုဝင်ဘာလ ၁၁ ရက်မှ ၁၄ ရက်အထိ ၄ ရက်တာကာလအတွင်း ယာဉ်တိုက် မှုကြောင့် လူနာ ၂၀ ဦး သယ်ဆောင် ပေးခဲ့ရပြီး ၎င်းတို့အနက် ၂ ဦးသေဆုံး သွားခဲ့ကြောင်း ဇမ္ဗူသီရိအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။
” ယာဉ်တိုက်မှု အများစုက ဆိုင် ကယ်ချင်းတိုက်ကြတာ များတယ် ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

 
နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်သည့် နိုဝင်ဘာလ ၁၃ ရက်ညက ထားဝယ်မြို့ အထင်ကရလမ်းဆုံ နေရာများတွင် ဇမ္ဗူသီရိအဖွဲ့မှ လူနာတင်ယာဉ် ၄ စီးနှင့် တောင်သုံးလုံးရွာ၊ ပုဂေါဇွန်းရွာမှ လူနာ တင်ယာဉ်များဖြင့် အဆင်သင့် စောင့် ဆိုင်းနေကြသည်။
ထားဝယ်ဒေသ အရေးပေါ်လူနာ သယ်ဆောင်ရာတွင် ဌာနဆိုင်ရာ လူနာ တင်ယာဉ်များအစား ပရဟိတ လုပ်ကိုင် နေကြသည့် အရေးပေါ်လူနာတင်ယာဉ် များကိုသာ အားကိုးနေရဆဲဖြစ်သည်။