သူရဘွဲ့ရ ထားဝယ်သူ မချစ်ပို အကြောင်းကို ရုပ်ရှင်ရိုက်မယ်

0
1009

နိုင်ငံတော် သူရဘွဲ့ရ ထားဝယ်သူ မချစ်ပို အကြောင်းကို ရုပ်ရှင်ရိုက်ကူးဖို့ စီစဉ်နေတယ်လို့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က The Voice သတင်းစာမှာ ပြောကြားထားပါတယ်။

မချစ်ပိုအကြောင်း ရုပ်ရှင်ရိုက်ကူးဖို့အတွက် လောလောဆယ် မှတ်တမ်းမှတ်ရာတွေရှာဖွေရခက် ခဲနေတယ်လို့လည်း ဆိုထားပါတယ်။
မချစ်ပိုနေရာကို သရုပ်ဆောင်ဖို့ အကယ်ဒမီစိုးမြတ်သူဇာကို ရွေးချယ်ထားတယ်လို့ ကိုဇော်(အရုဏ်ဦး) က ပြောဆိုထားပါတယ်။
လောင်းလုံးမြို့နယ် နခံတောရွာမှာ မွေးဖွားခဲ့ တဲ့ မချစ်ပိုဟာ KNDဥ တပ်တွေကို တိုက်ခိုက် ရာမှာ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့လို့ သူရဘွဲ့ ရခဲ့တာပါ။
မြန်မာ နိုင်ငံမှာ သူရဘွဲ့ ရခဲ့တဲ့ တစ်ဦးတည်း သော အမျိုးသမီးလည်း ဖြစ်ပါတယ်။

၁၉၄၉ မှာ ပြင်ဦးလွင် မြို့နယ်မှာ ရန်သူ တွေ သတ်ဖြတ်လို့ ကျဆုံးခံရပါတယ်။ ကျဆုံး ချိန်တွင် အသက် ၄၂ နှစ်ရှိပြီ ဖြစ်ပါတယ်။