သရုပ်ဆောင်ဘက်ကို စိတ်အားထက်သန်နေတဲ့ မြိတ်သားလေး ဟယ်ရီဆန်စ်ပိုင်ငယ်

0
876

MPT ကြော်ငြာနဲ့လူသိများလာတဲ့ ဟယ်ရီ ဆန်စ်ပိုင်ငယ်ဟာ သရုပ်ဆောင်မှုအပိုင်းကို စိတ် အားထက်သန်နေတယ်လို့ဆိုပါတယ်။

” အခုလက်ရှိကတော့ကျွန်တော် သရုပ်ဆောင် ဘက်ကို ကူးမှာဆိုတော့ ရုပ်ရှင်အစည်းအရုံးက ပို့ချတဲ့ သင်တန်းမှာ ပညာရပ်တွေလေ့လာဆည်း ပူးသင်ယူနေပါတယ်။ အားတဲ့ရက်တွေမှာဂျာနယ် ကာဗာတွေနဲ့ မဂ္ဂဇင်းအတွက် ဓာတ်ပုံတွေရိုက် ဖြစ်ပါတယ်။ ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းပြောဆို ထားတာတွေ ရှိပါတယ်” မော်ဒယ်ရှိုးပြိုင်ပွဲတွေမှာလည်း ဆုတွေရခဲ့ဖူး တဲ့ ဟယ်ရီဆန်စ်ပိုင်ငယ်ဟာ မြိတ်သားတစ် ယောက်အနေနဲ့ ရန်ကုန်အနုပညာလောကထဲ ဝင်တဲ့ အခါ အခက်အခဲအချို့ ကြုံရတာရှိတယ်လို့ ဆိုပါတယ်။

“အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ သင်ယူစရာ လေ့လာမှတ်သားစရာတွေရော။ အခက် အခဲကတော့ ဘိတ်စကားနဲ့ရန်ကုန်စကားအသုံး အနှုန်းသိပ်မတူတာရယ် အသံဝဲတာရယ်ပါ”

လက်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာ ၈ ခုရိုက်ကူးထားတယ်လို့ ဆိုပါတယ်။
ဟယ်ရီဆန်စ်ပိုင်ငယ်ဟာ တစ်ချိန်အဖြူအမဲ ဓါတ်ပုံခေတ်မှာ မြိတ်မှာ နာမည်အရမ်းကြီးခဲ့တဲ့ ဓာတ်ပုံဦးထင်အောင်ပါရဲ့သား ဖြစ်တယ်။