မွန်ဈေးကွက်တွင် ထောက်ခံချက်မရှိ ရောင်းချနေသည့် ငရုတ်သီးမှုန့် ၇၆ မျိုးရှိ

0
455

မွန်ပြည်နယ် ဈေးကွက်အတွင်းတွင် FDA (အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာန) ထောက် ခံချက်မရှိဘဲ ရောင်းချနေသည့် ငရုတ် သီးမှုန့် အမှတ်တံဆိပ် ၇၆မျိုးရှိသည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေး ဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနထံမှ သိရသည်။


အဆိုပါငရုတ်သီးမှုန့်အမှတ် တံဆိပ် ၇၉ မျိုးကို စားသုံးရန်သင့် မသင့်စစ်ဆေးမှု ပြုလုပ်ရန် နေပြည်တော်သို့ ပို့ထားပြီး အဖြေစောင့်ဆိုင်းလျက်ရှိသည်ဟု မွန် ပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာန တာဝန်ခံ ဦးစီးအရာရှိ ဒေါက်တာစိုးနိုင်က ပြောသည်။

 
“ပေးပို့ထားတဲ့ အမှတ်တံဆိပ်တွေ ရဲ့အဖြေကိုအတိအကျ မပြောနိုင်သေး ဘူး၊ အဖြေကို နိုင်ငံပိုင် သတင်းစာကနေ ကြေညာပေးသွားမယ်၊ သတင်းစာက ကြေညာပြီးရင် ဈေးကွက်ထဲမှာ စစ်ဆေး မှု ပြုလုပ်မယ်” ဟု ၎င်းက ပြောသည်။
စားသုံးရန်သင့် မသင့် တရားဝင် ကြေညာပြီး ဈေးကွက်အတွင်းရောင်းချမှု ဆက်လက်ရှိနေပါက ပြည်နယ်အစိုးရနှင့် ညှိနှိုင်းပြီး ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမှုပြုလုပ်သွားမည်ဟု ၎င်းက ဆက်ပြောသည်။
မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာန အနေဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာထိ   ဈေးကွက်အတွင်းရှိ အစားသောက်များကို စစ်ဆေးခြင်း၊ နမူနာယူခြင်း ၁၁ ကြိမ် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိဈေး ကွက်များမှ ငရုတ်သီးမှုန့်များကို ဈေး ကွက် နမူနာကောက်ယူစေ၍ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ဓာတ်ခွဲခန်းများ၌ စက်တင်ဘာလကစစ်ဆေးမှုပြုလုပ်ခဲ့ပြီးငရုတ်သီးမှုန့် ၆၅၁ မျိုးအနက် ခွင့်မပြုဆိုးဆေးပါဝင်သည့် ငရုတ်သီးမှုန့် ၃၈၉ မျိုးစစ်ဆေးတွေ့ ရှိထားကြောင်း သိရသည်။