ငါးအမှုန့်ကြိတ်စက်ရုံတွင် မလတ်ဆတ်သော ပါကေးငါးများ အသုံးပြုနေ

0
515

မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန်ရှိ ဗဲင်(န်)တေ့(ခ်ျ) ငါးအမှုန့်ကြိတ် စက်ရုံ တွင် မလတ်ဆတ်သည့် ပါကေးငါးများ ကိုအသုံးပြုနေသည်ကို တွေ့ရှိခဲ့သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးထံမှ သိရသည်။

စက်မှုဇုန်အတွင်းရှိ ကင်းမွန်ပြုတ် စက်ရုံများကို နိုဝင်ဘာလ ၁၁ ရက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဋ္ဌေး၊ မြို့နယ်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့၊စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဌာန၊ လ၀ကနှင့် အရပ်ဘက်အဖွဲ့အစည်း တစ်ချို့ပါ အဖွဲ့တို့မှ ဝင်ရောက်စစ်ဆေး ခဲ့ကြောင်း သိရသည်။ယင်းကဲ့သို့ ဝင်ရောက်စစ်ဆေးခဲ့ပြီး အပြန်လမ်းတွင်ဗဲင်(န်)တေ့(ခ်ျ)ငါး အမှုန့်စက်ရုံသို့ ဝင်ရောက်ကြည့်ရှုခဲ့ရာ မလတ်ဆတ်သော ပါကေးငါးများ အသုံးပြုနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ ခြင်း ဖြစ်သည်။

” မလတ်ဆတ်တဲ့ငါးတွေနဲ့ လည် ပတ်နေတာက မဖြစ်သင့်ဘူး” ဟု ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုပိုင် ဌေးက ပြောသည်။
ငါးအမှုန့်ကြိတ်စက်ရုံများတွင် မလတ်ဆတ်သော ပါကေးငါးများကို လုံးဝ(လုံးဝ) မဝယ်ယူပါ ဟု စာသားပါ ဗီနိုင်းဆိုင်းဘုတ်များကို ချိတ်ဆွဲထား သည်။
” စက်ရုံက စက်ချို့ယွင်းမှုကြောင့် ခေတ္တခဏရပ်နားခဲ့ရလို့ ငါးတွေနာ သွားတာပါ” ဟု ဗဲင်(န်)တေ့(ခ်ျ)စက်ရုံမန်နေဂျာ ဦးရဲမြင့်က ပြောပြသည်။
မလတ်ဆတ်သော ပါကေးငါးများ ဖြင့်လုံးဝအသုံးမပြုကြောင်း ငါး အမှုန့် ကြိတ်စက်ရုံမှ တာဝန်ရှိသူများက ပြောခဲ့ဖူးသည်။

အဆိုပါ တွေ့ရှိချက်ကို ဆိုင်ရာဌာ န များနှင့် တိုင်းအစိုးရအဖွဲ့ထံသို့ အသိ ပေးတင်ပြပေးသွားမည်ဖြစ်ကြောင်း ဦးစိုးပိုင်ဋ္ဌေးထံမှ သိရသည်။
အင်းလေးမြိုင် စက်မှုဇုန်အတွင်း တွင် ထူးထူးတိုး၊ မင်းဇာနည်၊ ဗဲင်(န်)တေ့(ခ်ျ)နှင့် အဆောင်ကောင်း ငါးအမှုန့် ကြိတ်စက်ရုံများရှိကြပြီး ယင်းတို့အနက် အနံ့ဆိုးများထွက် ငါးအမှုန့်ကြိတ်စက် ရုံများဖြစ်ကြသည့် မင်းဇာနည်နှင့် အ ဆောင်ကောင်းစက်ရုံတို့ကို လုပ်ငန်း ယာယီရပ်နားခိုင်းကာ ပြန်လည်ပြင်ဆင် ခိုင်းခဲ့ဖူးသည်။ လက်ရှိတွင် ယင်းစက်ရုံ နှစ်ရုံကို ယာယီလည်ပတ်ခွင့် ပြန်ပေး ထားသည်။ ဩဂုတ်လအတွင်းက တိုင်း အစိုးရမှ လုပ်ငန်း ၆ လ ရပ်နားခိုင်းကာ ပြန်လည် ပြင်ဆင်ခိုင်းထားကြောင်း သိရသည်။

သို့သော် ယင်းစက်ရုံတို့မှ ထွက်ရှိ နေသည့် အနံ့ဆိုးများကို လက်ရှိအချိန်ထိ ခံစားနေရကြောင်း စက်ရုံအနီးရှိ ရပ် ကွက်တို့မှ သိရသည်။