ကျေးရွာအချို့ ဝန်ခံကတိဖြင့် မီးလင်း

0
638

၃ လအတွင်း ဌာနမီတာ တပ်ဆင် ပါမည်ဟူသည့် ဝန်ခံကတိပြုချက်ဖြင့် ထားဝယ်ခရိုင်အတွင်း ကျေးရွာအချို့ သဘာဝဓာတ်ငွေ့ လျှပ်စစ်မီး ရရှိနေပြီ ဖြစ်ကြောင်း ကျေးရွာများနှင့် တိုင်းလျှပ် စစ်ရုံးထံမှ သိရသည်။ကျေးရွာ မီလင်းရေးကော်မတီ များက ရွာသူရွာသားများ ငွေကြေး အကုန်အကျ သက်သာစေရန် ကျပ် တစ်သောင်းဝန်းကျင် တန်ကြေးရှိ ပြင်ပ မီတာများ စိစစ်လက်ခံထားကြသည်။

သို့သော်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပေးသည့် မီတာများထံ သာ ဓာတ်အား ဖြန့်ဝေပေးမည်ဆိုသဖြင့် အခက်တွေ့နေရာမှ ယခုကဲ့သို့ ဝန်ခံ ကတိပြုချက်ဖြင့် လျှပ်စစ်မီး ရရှိလာ ခြင်း ဖြစ်သည်။တိုင်းတွင်း လျှပ်စစ်အခြေအနေ အရပ်ရပ်ကို တိုင်းအစိုးရအဖွဲ့ထံ တင်ပြ ခဲ့ရာ လျှပ်စစ် ဥပဒေအတိုင်း လုပ်ဆောင် ရန် ပြန်လည် ညွှန်ကြားပြီး ဖြစ်သော် လည်း ပြည်သူများ၏ အသံကိုနား ထောင်ပြီး အစိုးရနှင့် ဌာနတို့မှဖြေ လျှော့ပေးခြင်းဖြစ်သည်ဟု ဒု တိုင်းလျှပ် စစ်အင်ဂျင်နီယာမှူးကြီး ဦးထွန်းဝဏ္ဏက ပြောသည်။” ပြည်သူလိုချင်တာ လိုက်လျှော ပေးတာပါ၊ အပြန်အလှန် တာဝန်ခံမှု တွေနဲ့ လုပ်ကြတာပါ” ဟု ဦးထွန်းဝဏ္ဏ က ပြောသည်။

ခံဝန်ကတိ လက်မှတ်များကို ကျေး ရွာအုပ်ချုပ်ရေးမှူးများက စုဆောင်း ကောက်ခံပေးပြီး မီးလွှတ်သည့်နေ့မှစ ၃ လအတွင်း ဌာနမီတာ မတပ်ဆင်ပါက ဓာတ်အားဖြတ်တောက်မည်ဟု သိရ သည်။” ၃ လ အစား ၅ လ လောက် တိုး ပေးစေချင်တယ်၊ တချို့က မပြေ လည် ကြတော့ စုဆောင်းချိန် ပိုရ အောင်ပါ ” ဟု မင်းရပ်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးသန်းတင့် (ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဋ္ဌ)က ဖွင့်ဟသည်။
ပြင်ပမှ ဝယ်ယူတပ်ဆင်သည့် မီတာများမှာ လည်ပတ်နှုန်း မသေချာ သည့်အပြင် အခြားအာမခံချက်များ မရှိသဖြင့် သုံးစွဲသူများအနေဖြင့် အာမခံချက်ရှိသော ဌာနမီတာများသာ သုံးစွဲသင့်သည်ဟု အင်ဂျင်နီယာမှူးကြီး ဦး ထွန်းဝဏ္ဏက ပြောသည်။

ဌာနမီတာမှာ လည်ပတ်နှုန်း အာမခံချက်နှင့် လျှပ်စစ်ကြောင့်ဖြစ်စေ၊ သဘာဝဘေးကြောင့်ဖြစ်စေ ပျက်စီးပါက အသစ်တစ်လုံး အခမဲ့ အစားထိုးပေး မည်ဖြစ်ပြီး အစားထိုး တပ်ဆင်ခ ၂ ထောင်ကျပ်သာ ပေးသွင်းရမည်ဟု သိရ သည်။” မီတာကို ရိုက်သာ မခွဲနဲ့၊ ပျက် သွားရင် ဌာနက အခမဲ့ အစားထိုး ပေးမယ်” ဟု ဦးထွန်းဝဏ္ဏက ဆိုသည်။ကျပ် ကိုးသောင်း ကျသင့်သည့် ဌာနမီတာတွင် ကျပ်ခြောက်သောင်းခွဲတန် ဒစ်ဂျစ်တယ်မီတာ၊ ကျပ် တစ်သောင်းခွဲတန် မီတာပုံးခွံ၊ မီးဖြတ်ခလုတ်တို့ ပါဝင်ပြီး မှတ်ပုံ တင်ကြေး၊ အာမခံစပေါ်ကြေး၊ တပ်ဆင် ခတို့ အပြီးအစီး ပါဝင်သည်ဟု သိရသည်။
မီးလင်းရေး ကော်မတီများ၏အစီအစဉ်ဖြင့် ပြင်ပမီတာ တပ်ဆင်ကာ ဓာတ်အား ပေးဝေနေသော အချို့ ကျေးရွာများတွင်လည်း တစ်ဖြည်းဖြည်း စည်းရုံးကာ ဌာနမီတာများ ပြောင်းလဲ တပ်ဆင်ပေးသွားမည်ဟု သိရသည်။

ဌာနမှ လျှပ်စစ်ဓာတ်အားများ ကျေးရွာများသို့ဖြန့်ဖြူးရာတွင် ကျေးရွာဓာတ်အားခွဲ စက်ရုံသို့သာ ဓာတ် အားရောက်ရှိသဖြင့် ရွာတွင်းပတ် ဓာတ်လိုင်းများ ကိုယ်ထူကိုယ်ထ တပ်ဆင်ကြရခြင်း၊ ဗို့အားပြည့် ၂၄ နာရီဓာတ်အားလိုင်းနှင့် ကိုက်ညီရန် ဓာတ်တိုင်မှ အိမ်သို့သွယ်တန်း သည့် ကြိုးအသစ်လဲခြင်း၊ အိမ်ထဲတွင် မီး လိုင်းအသစ် တပ်ဆင်ကြရခြင်းကြောင့် ငွေအလုံးအရင်း အလိုက် ကုန်ကျကြ ရသည်ဟု မီးသုံးစွဲသူ ရွာသားများက ပြောကြသည်။