ထားဝယ်ပါတီထုတ်ပြန်ချက် အစိုးရကို အထောက်အကူပြုဟု တိုင်းရဲမှူးကြီးဆိုပြန်

0
374

ထားဝယ် တိုင်းရင်းသားများပါတီ ၏ ထုတ်ပြန်ချက်မှာ အစိုးရအား                 အထောက်အကူပြုသည်ဟု ယုံကြည် ထား ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးက ဆိုလိုက်ပြန်သည်။


ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်က တိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့၏ စုံစမ်းစစ်ဆေးချက်အရ ထားဝယ် ပါတီ ကြေညာချက်ပါ အချက်အလက်များ သည် မှန်ကန်မှု မရှိသည့်အတွက် တိုင်း အစိုးရကို သိက္ခာချသလိုဖြစ်နေပြီး ကြေညာချက်ထုတ်သည့်အပေါ် တာဝန် ယူသင့်သည်ဟု ပြောဆိုပြီး ၇ ရက် အကြာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ သည်။

 
ပါတီထုတ်ပြန်ချက်မှာ အစိုးရကို တမင်သက်သက် သိက္ခာကျစေရန် လုပ် ခြင်းမဟုတ်ဘဲ မြေပြင်အနေအထားကို အစိုးရက သိရှိပြီး လုပ်နိုင်စေရန် ကူညီ သည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်သည် ဟု နိုဝင်ဘာလ ၁၀ ရက်က ထားဝယ် တိုင်းရင်းသားများ ပါတီက ထားဝယ်မြို့ ရွှေဧည့်သည်ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တိုင်းရဲမှူး ကြီးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
” ဒီပါတီရဲ့ ပြောကြားချက်သည် အစိုးရကို အထောက်အကူပြုတယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ် ” ဟု တိုင်း ရဲတပ်ဖွဲ့မှူးရဲမှူးကြီးနေမျိုးက ပြောသည်။

 
လောင်းလုံးမြို့နယ် အတွင်းရှိ ဘူး ထောင့်ကမ်းခြေတွင် ဥပဒေမဲ့ သစ်ခိုး ထုတ်မှု များ၊ တူမီး သေနတ်ကိုင် ခြိမ်း ခြောက်ခြင်းကြောင့်ဒေသခံများ ကြောက် ရွံ့ပြီး အချို့မှာ နေအိမ်စွန့်ခွာသွားရသည် အထိဖြစ်ပေါ်လျက်ရှိသည်ဟု အောက်တို ဘာလ ၂၉ ရက်က ထားဝယ်တိုင်းရင်းသား ပါတီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ထုတ်ပြန်သည့် အချက်အလက်များ တွင် ကွဲလွဲမှုအချို့ရှိသော်လည်း အစိုးရ သိက္ခာကျအောင်လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ရဲမှူးကြီးနေမျိုးက ဆို သည်။

 
ပါတီကြေညာချက်နှင့် ပတ်သက်၍ တိုင်းရဲတပ်ဖွဲ့မှူး ကနဦး ပြောကြားချက် မှာ နိုင်ငံရေးအသိုင်းအဝိုင်းကြားတွင် ထားဝယ်ပါတီ သိက္ခာကျခဲ့ရသည့် အတွက် ယင်းသို့ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း ထားဝယ်တိုင်းရင်းသား များပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြော သည်။” ဒီသိက္ခာချနေတယ်ဆိုတဲ့ ဝေါဟာ ရဟာ ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့ အစည်းကြားမှာ ကျွန်တော်တို့ မျက်နှာ ပျက်ရပါတယ်” ဟု ပါတီဥက္ကဋ္ဌ ဦးအေးမင်း က ဆိုသည်။

 
လက်ရှိအစိုးရမှာ လွှန်ခဲ့သည့် ၁၉၈၈ ခုနှစ်ကတည်းက အတူတိုက်ပွဲဝင် လာသည့် ညီအစ်ကိုများ ဖြစ်သည့် အတွက် အမြဲဝန်းရံနေကြောင်း ဦး အေးမင်းက ပြောသည်။တိုင်းရဲတပ်ဖွဲ့မှူးအနေဖြင့် ပြော ကြားချက်နှင့် ပတ်သက်ပြီး ပြန်တောင်း ပန်ရန် မလိုအပ်ဘဲ လူထုအား ပြန်ပြော ပေးရန်သာလိုကြောင်း  ၎င်းက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်က တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ တီဇစ်ရွာ ခရီးစဉ်တွင် တရားမဝင် သေနတ်ကိုင် ဆောင် ခြိမ်းခြောက်ခြင်းနှင့် ပတ်သက်၍ ဒေသခံများကို မေးမြန်းရာ မရှိဟု ဒေသ ခံများက ပြောဆိုခဲ့သည်။
သို့ရာတွင် တီဇစ်ရွာမှ အနည်းငယ် အလှမ်းဝေးသည့် ဘူးထောင့်ကမ်းခြေနေ ရေလုပ်သားများကမူ ဝန်ကြီးချုပ်နှင့် တွေ့ဆုံပွဲတွင် ၎င်းတို့ တက်ရောက်ခဲ့ခြင်း မရှိခဲ့ကြောင်း ပြောဆိုကြသည်။

 
ထားဝယ်ပါတီက ပြုလုပ်သည့် အဆိုပါသတင်းစာရှင်းလင်းပွဲကို ဘူး ထောင့်ကမ်းခြေနေ ဒေသခံရေလုပ်သား များလည်း တက်ရောက်ခဲ့ပြီး တရားမဝင် သေနတ်ကိုင်ဆောင်ခြင်း၊ ယာယီတဲများ အနီး သေနတ်ပစ်ဖောက်ခြင်းနှင့် သစ် ခိုးထုတ်မှုများရှိကြောင်း လာရောက် ပြောဆိုခဲ့သည်။