မေတ္တာတွင် ရပ်ကျေးရုံး ထက်ဝက်လို

0
406

ထားဝယ်မြို့နယ်၊ မေတ္တာမြို့နယ်ခွဲ အတွင်း ရပ်ကွက် ကျေးရွာ ၁၀ ခု ရှိ သည့်အနက် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး ရှိသည့် ကျေးရွာအုပ်စု ၅ ခုသာ ရှိ သေးကြောင်း မေတ္တာမြို့အုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။မေတ္တာမြို့ပေါ် ၃ ရပ်ကွက်စလုံး အပါအဝင် ကျေးရွာအုပ်စု ၂ ခုတွင်လည်း အုပ်ချုပ်ရေးမှူးရုံးများ မရှိသေးသဖြင့် သက်ဆိုင်ရာသို့ တင်ပြထားပြီးဖြစ် ကြောင်း မေတ္တာမြို့ အုပ်ချုပ်ရေးမှူးက ပြောသည်။


“ရွာတစ်ရွာမှာ အုပ်ချုပ်ရေးမှူးရုံး က ရှိကို ရှိရမှာ၊ ဦးမယ်၊ စောမယ်၊ နောက်ကျမယ် ဒါပဲကွာမယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ရပ်ကွက်အုပ်ချုပ်ရုံးမှူး များ နေအိမ်ကို ရုံးအဖြစ်အသုံးပြုနေရပြီး စားပွဲတစ်လုံးနှင့် ထိုင်ခုံ ၅ လုံးခန့် အိမ်တံစက်မြိတ်တွင်ချထားကာ ဖြစ်သ လို လုပ်ကိုင်နေရကြောင်း အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးစာရေး ဦးပြည်စိုး ကျော်က ပြောသည်။
” ရုံးက ရုံးနဲ့ မတူဘူးလေ၊ အိမ်ဆို တော့ သိတဲ့အတိုင်းပဲ၊ မိသားစုကိစ္စတွေ ဘာတွေရှိမယ်၊ အချို့ကိစ္စတွေဆို ပေါက် ကြားမရတဲ့ ဟာတွေ ရှိမယ်လေ”  ဟု ဦးပြည်စိုးကျော်က ပြောသည်။
လက်ရှိတွင် လူအများနှင့် အစည်း အဝေးလုပ်မည်ဆိုပါက ဘုရားကျောင်း များတွင် သွားရောက်လုပ်ဆောင်ကြရ သည်ဟု သိရသည်။
ရပ် /ကျေးရုံးများကို ဆောက်လုပ် ရာတွင် တိုင်းအစိုးရ ဘတ်ဂျက်ဖြင့် တိုက်ရိုက်ချပေးပြီး ရရှိသည့်ဘတ်ဂျက် ပေါ်အခြေတည်ကာ နှစ်စဉ် အရေးကြီး သည့် နေရာများကိုဦးစားပေး ဆောက်လုပ် ပေးနေကြောင်း ထားဝယ်ခရိုင် အုပ်ချုပ် ရေးမှူး ဦးခင်မောင်ချိုက ပြောသည်။
” စိစစ်ပြီး လျာထားတင်ပြထား ပါ တယ်၊ ဘယ်အချိန်ဆောက်မယ် ဆိုရင် တော့ ဘတ်ဂျက်ပေါ် မူတည်ပြီး သွားရ မှာပေါ့”  ဟု ဦးခင်မောင်ချိုက ဆိုသည်။
အခြားတိုင်းများနှင့် နှိုင်းယှဉ်လျှင် တနင်္သာရီတိုင်းသည် အုပ်ချုပ်ရေးမှူး ရုံးများ တည်ဆောက်ပေးမှု များပြား သည့်တိုင်းဖြစ်သည်ဟု ဦးခင်မောင်ချို ထံမှ သိရသည်