မောတောင်နယ်စပ်တွင် ယာယီဈေး တည်ဆောက်မည်

0
451

မြန်မာ-ထိုင်းနယ်စပ် မောတောင် တွင် ယာယီဈေးတစ်ခု တည်ဆောက် သွားမည်ဖြစ်ကြောင်း ယင်းဈေး ဖြစ် မြောက်ရေးကော်မတီ စာရင်းစစ် ကိုအေးမင်းကိုထံမှ သိရသည်။


လက်ရှိတွင် မောတောင်ဒေသခံ အချို့တို့မှ ထိုင်းနိုင်ငံ စင်ခွန်းနယ် စပ်ဂိတ် တောင်ခြေဈေးတွင် သွားရောက် ရောင်းချနေရသည်။
တောင်ခြေတွင် ဒေသထွက် ခြံ ထွက်ပစ္စည်းများ သွားရောက် ရောင်းချ ရာတွင် ထိုင်းဘက်မှ သုံးဘီး (နောက် တွယ်) ကုန်တစ် ခေါက်လျှင် ဘတ်ငွေ ၃၀၀ ကောက်ခံခြင်း၊ မောတောင်သို့ ပြန်အတက်တွင် ထိုင်းဘက်မှ တောင်း သလောက် ပေးနေရခြင်း၊ မြန်မာ ဈေး သည်များ ဈေးရောင်းချနေရာများ မကြာ မကြာ ပြောင်းရွှေ့ခံနေရခြင်း စသည့် အခက်အခဲများ ရှိနေကြောင်း မောတောင် ဒေသခံဈေးသည် တစ်ချို့ထံမှ သိရ သည်။

 
ယင်းအခက်အခဲများကို ဖြေရှင်းနိုင် ရန်အတွက် မောတောင်တွင် ယာယီဈေး တည်ဆောက်ခြင်း ဖြစ်သည်။
“ဒေသခံတွေလည်း အလုပ်ရ ထိုင်းမှာ ဈေးသွားရောင်းနေသူတွေ့ရဲ့ အခက်အခဲကို ဖြေရှင်းသွားနိုင်မယ်” ဟု စာရင်းစစ် ကိုအေးမင်းကိုက ပြောသည်။” ယာယီဈေးမဟုတ်ဘဲ ထိထိ ရောက်ရောက်နဲ့ အခိုင်အမာဖြစ်တဲ့ဈေး တစ်ခုဖြစ်စေချင်တယ်” ဟု မောတောင် ဒေသခံ ခြံထွက်ပစ္စည်းရောင်းချနေသူ ဒေါ်စန်းမော်က ပြောသည်။

 
ပြီးခဲ့သည့် စက်တင်ဘာလ အ တွင်းက မောတောင်ဒေသခံအချို့တို့က ထိုင်း-မြန်မာ နယ်စပ်ကြားတွင်  တောင် ခြေဈေးရှိ ဒေသခံမြန်မာဈေးသည်များကို မျှတစွာ ရောင်းချသွားခွင့်ပေးပါရန် အတွက် ဆန္ဒထုတ်ဖေါ်ခဲ့ကြပြီး ဖြစ်သည်။တောင်ခြေဈေးတွင် အပတ်စဉ်စနေ နေ့တိုင်း မြန်မာဈေးသည်များ ဈေး ရောင်းလေ့ရှိကြပြီး မောတောင် ယာယီ ဈေးပြီးစီးပါက သောကြောနေ့တိုင်း ဈေးရောင်း နိုင်ရန်အတွက် စီစဉ်ဆောင် ရွက်ထားကြောင်း ကော်မတီမှ သိရသည်။
ယာယီဈေးအတွက် မောတောင် နယ်စပ် အနော်ရထာရပ်ကွက်ရှိ မြေ ၇ ဧကခန့်တွင် ဈေးဆောက်လုပ်ရန်အတွက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကွင်း ဆင်း တိုင်းတာမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကာ ဈေးတည် ဆောက်ပြီးစီးမည့်အချိန်ကို အသိအကျ မသိရသေးကြောင်း ယင်း ဈေးဖြစ်မြောက်ရေး ကော်မတီမှ သိရ သည်။

 
အဆိုပါ ယာယီဈေးကို ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ကော်မတီမှ သိရသည်။
မြန်မာဘက်မှ မောတောင် နယ် စပ်ဂိတ်ကို ၂၀၁၃ ခုနှစ် မေလ ၈ ရက်က တရားဝင် ဖွင့်လှစ်ထားပြီးကာ ထိုင်း ဘက်မှ စင်ခွန်းဂိတ်အား လက်ရှိအချိန် ထိ တရားဝင်ဖွင့်လှစ်ထားခြင်းမရှိသေး ပေ။