ထိုင်းသို့ CDMA ဖုန်း ယူမသွားရ

0
381

ထိုင်းနိုင်ငံရနောင်းမြို့သို့  CDMA ဖုန်းယူဆောင်သွားပါက ထိုင်းနိုင်ငံ ဥပဒေအရ ကိုင်ဆောင်ခွင့်မရှိဟုဆိုကာ ထိုင်းရဲများက ငွေဒဏ်ရိုက်လေ့ရှိကြောင်း ထိုင်း – မြန်မာ နယ်ခြား ကော်မတီထံမှ သိရသည်။ CDMA  ဟမ်းဆက်များသည် ရေဒီယို စကားပြောစက်များအား ကြား ဖြတ်ဖမ်းယူ နားထောင်နိုင်သည့်အတွက် ထိုင်းနိုင်ငံ ဆက်သွယ်ရေး ဥပဒေနှင့် ငြိစွန်းနေသည်ဟုဆိုကာ မကြာခဏ ဖမ်းဆီးခံရလေ့ရှိကြောင်း အထက်ပါ အဖွဲ့မှ မြန်မာ စကားပြန်က ပြောသည်။

 

နိုဝင်ဘာလ ၁၀ ရက်ကလည်း  ယင်းဖုန်း ကိုင်ဆောင်လာသည့် မြန်မာ အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရပြီး နယ် ခြား ကော်မတီက လိုက်ပါ ကူညီပေး သည့်အတွက် ဒဏ်ငွေမဆောင်ရဘဲ ပြန် လွှတ်ပေးခဲ့သည်ဟု ပိတောက်ရွှေဝါ ရပ်ကွက်နေ ဖမ်းဆီးခံရသည့် ကာယ ကံရှင် အမျိုးသားက ပြောသည်။   ဒဏ်ငွေဟုဆိုကာ ထိုင်းဘတ်ငွေ တစ်သောင်းမှတစ်သောင်းခွဲအထိ တောင်းလေ့ရှိကြောင်း အထက်ပါ စကား ပြန်က ပြောသည်။ ” ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနယ် စပ်ဆက်ဆံရေးရုံးကို ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူးကြီးက ကန့်ကွက်စာ ပေးပို့ ထားပါတယ် ” ဟု ကော့သောင်းခရိုင်ရဲ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

 

 

  လက်ရှိတွင် တယ်လီဖုန်းလိုင်းများ ကောင်းလာပြီဖြစ်သော်လည်း အဆိုပါ  CDMA  ဖုန်းများကို လုပ်ငန်းအတွက် အဆင်ပြေရန် ငါးဖမ်းလှေများနှင့် လုပ် ငန်းရှင်များက အသုံးပြုကြဆဲ ဖြစ်သည်။ ထိုင်းနိုင်ငံ ဖပလားဆိပ်ကမ်းတွင် တရားမဝင်ဖမ်းဆီးမူများ ပြုလုပ်၍ ကျေ နပ်မူမရှိပါက ဖပလားဆိပ်တွင် ဖွင့်ထား သည့်  တိုင်ကြားမူလက်ခံရေးဌာန ထံ လာရောက်တိုင်ကြားနိုင်ပြီး ၂၄ နာရီ ဖွင့်ထားသည်ဟု သိရသည်။