မီးသွေး၂၅ တန် အထက် မဖုတ်ရ၊ ခရိုင်ကျော် မသယ်ရ

0
404

တိုင်းအတွင်း မီးသွေးလိုအပ်ချက် အရ ၁ နှစ်လျှင် မီးသွေးတန် တစ်သောင်း ထုတ်ခွင့်ပြုရာတွင် တစ်ဖို၊ တစ်ကြိမ် ဖုတ်လျှင် ၂၅ တန်ထက်မပိုသော မီးသွေး ဖိုအရွယ်အစားဖြင့်သာ ဖုတ်ရန် သတ် မှတ်လိုက်ကြောင်း တိုင်းဒေသကြီး အစိုး ရအဖွဲ့ထံမှ သိရသည်။


တည်ဆောက်ထားပြီးသည့် ၂၅ တန်အထက် မီးသွေးဖိုများ ရှိပါက ဖြို ချဖျက်သိမ်းသွားမည်ဟု သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး မြင့်မောင်က ပြောသည်။” အများဆုံး ၂၅ တန်ပဲ ခွင့်ပြုမယ်” ဟု ဝန်ကြီးဦးမြင့်မောင်က ဆိုသည်။
မီးသွေးများကိုလည်း သက်ဆိုင်ရာ ခရိုင်အတွင်း၌သာ ဖြန့်ဖြူးရောင်းချ ရမည်ဖြစ်ပြီး ခရိုင်ကျော်၊ တိုင်းကျော် သယ်ခွင့်ပြုမည် မဟုတ်ဟု သိရသည်။ထင်းတစ်တန်ဖုတ်လျှင် မီးသွေး (၁၆ပြည်တင်း) ၉ တင်းကျော်ကျော် ထွက်ရှိပြီး ယင်းကို မီးသွေးတစ်တန် အဖြစ်သတ်မှတ်ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

 
လျာထားချက်အနေဖြင့် ထားဝယ် ခရိုင်တွင် ၂၃၀၀ တန်၊ မြိတ်ခရိုင်တွင် တန် ၅၃၀၀၊ ကော့သောင်းခရိုင်တွင် တန် ၂၄၀၀ မီးသွေးထုတ်ခွင့်ပြုမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ကောက်ယူသည့် သန်း ခေါင်စာရင်းစစ်တမ်းပါ မီးသွေးလောင် စာ အသုံးပြု မိသားစုအချက်အလက်ကို ခြေခံ တွက်ချက်သတ်မှတ်ထားကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန် ကြားရေးမှူး ဦးကျော်ဇေယျက ပြော သည်။

 
” သဘာဝပတ်ဝန်းကျင် ပျက်စီး ပြုန်းတီးမှု မဖြစ်စေရေးနဲ့ ဒေသခံပြည်သူ လူထု လိုအပ်ချက်ပေါ်မူတည်ပြီး သေ သေချာချာ တွက်ချက်ပြီး သတ်မှတ် တာပါ ” ညွန်ကြားရေးမှူး ဦးကျော်ဇေယျ က ဆိုသည်။ယခင်က တိုင်းအတွင်း မီးသွေးဖုတ် ရာတွင် ဒီရေတောများအား အဓိက အားပြုနေကြသဖြင့် မီးသွေးဖိုများမှာ ဒီရေတော တစ်ဝိုက်တွင် ရှိနေကြပြီး ယခုမူ ဒီရေတောအား လုံးဝ ခုတ်ခွင့်ပြု မည်မဟုတ်ဘဲ ကြိုးဝိုင်းသစ်တော မဟုတ်သည့် တောင်ပေါ်တောများထဲမှ မြန်မာ့သစ်လုပ်ငန်းက မယူသည့် သစ် မျိုးကိုသာ မီးသွေးဖုတ်ခွင့်ပေးမည်ဟု တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ပြော သည်။

 
ဒီရေတောများနှင့် သဘာဝ ထိန်း သိမ်းရေးနယ်မြေများမှအပ သစ်တော ဦးစီးဌာနမှ သတ်မှတ်ထားသော ဒေသ ထောက်ပံ့ရေးဇုန်နှင့် မီးသွေးဖုတ်လုပ် နိုင်သော ဥယျာဉ်ခြံသစ်များ တည်ရှိ သည့် ကိုယ်ပိုင်ဥယျာဉ်ခြံများတွင် မီး သွေးဖုတ်ရန် ထင်းထုတ်ခွင့် ပြုမည်ဟု သိရသည်။မီးသွေးထုတ်ယူလိုပါက သက် ဆိုင်ရာ သစ်တောဦးစီးဌာနသို့ လျှောက် ထားရမည်ဖြစ်ပြီး မြို့နယ်မီးသွေး လျှောက်လွှာ စိစစ်ရေး ကော်မတီများမှ မီးသွေးထုတ်လုပ်ရန် ထင်းခုတ်နိုင် သည့်နေရာ ရှိမရှိ စိစစ်တင်ပြလာမှုကို အခြေခံခွင့်ပြုသွားမည်ဟု သိရသည်။
” ကိုယ့်ခြံထဲကထွက်တဲ့ထင်း ကို ကိုယ့်ဘာသာဖုတ်မယ်ဆိုတာမျိုးလည်း တရားဝင်ခွင့်ပြုထားတာ မရှိဘူး” ဟု ဦးကျော်ဇေယျက ပြောသည်။

 
အခွန်ငွေအဖြစ် မီးသွေး တစ်ဖိုလျှင် ၁၂၀ ကျပ်၊ ထင်းတစ်တန်လျှင် ၂၀၀၀ ကျပ် ပေးသွင်းရမည်ဟု သတ်မှတ် ထားပြီး လိုက်နာရမည့် စည်းကမ်းချက် များလည်း ချမှတ်ထားသည်။မီးသွေးဖို တည်ထောင်ခွင့်လက် မှတ်ပါစည်းကမ်းချက်များကို လိုက်နာ ရန်ပျက်ကွက်ပါက တည်ဆဲသစ်တော ဥပဒေအရအရေးယူမည်ဖြစ်ပြီး သစ်တော ဥပဒေအသစ်ထွက်ရှိလာပါက ပြစ်ဒဏ် ပိုမိုလာမည်ဖြစ်ကြောင်း သိရ သည်။

 
ခွင့်ပြုချက်မရှိဘဲ မီးသွေးဖိုတည် ထောင်ခြင်း သို့မဟုတ် မီးသွေးဖို တည် ထောင်ခြင်းများ ပြုလုပ်ပါက သစ်တော ဥပဒေပုဒ်မ- ၄၂(ဃ)အရ ငွေဒဏ် ၂ သောင်းကျပ်ထိဖြစ်စေ၊ ထောင်ဒဏ် ၂ နှစ်ထိဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။