မဟာချိုင်တွင် ကော့သောင်းသူတစ်ဦး လက်နက်ဖြင့် ခြိမ်းခြောက် အဓမ္မပြုကျင့်ခံရ

0
681

ထိုင်းနိုင်ငံမဟာချိုင်မြို့ရှိ အအေး ခန်းစက်ရုံတွင်  အလုပ်လုပ်ကိုင်သည့် ကော့သောင်းသူအား လက်နက်ဖြင့် ခြိမ်း ခြောက်အဓမ္မပြုကျင့်မှုတစ်ခု နိုဝင်ဘာလ ၇ ရက်က ဖြစ်ပွားခဲ့ကြောင်း  Myanmar Association In Thailand ( MAT ) ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ထံမှ သိရသည်။


တစ်ဦးတည်း အလုပ်မှ ပြန်လာ သည့် အဆိုပါအမျိုးသမီးအား အမျိုး သားနှစ်ဦးက  ခြောက်လုံးပြူးသေနတ် ပြ၍ ဆိုင်ကယ်ပေါ်သို့ တင်ဆောင်သွား ခဲ့ပြီး အမျိုးသားတစ်ဦးက  အခန်းတစ်ခန်း တွင် တစ်ညတာ အဓမ္မပြုကျင့်ခဲ့သည်ဟု အမျိုးသမီး၏ ပြောပြချက်ကို ယင်းအဖွဲ့မှ  ပြန်လည် ပြောပြသည်။
အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီး မှာ အသက် ၁၈နှစ်ခန့်ရှိပြီး ဦးလေး နှင့်အဒေါ်ဖြစ်သူတို့နှင့်အတူ နေထိုင်သူ ဖြစ်သည်။
” ကျွန်မနဲ့ သူက facebook မှာ ခင်တာပါ။ သမီးရည်းစားလည်း မဖြစ်ပါ ဘူး အခြားလူတွေကိုပြောရင် တစ်မျိုးလုံး ကို ပါသတ်ပစ်မယ်၊ ဒီမှာတွေ့လားဆိုပြီး ခြောက်လုံးပြူးကိုပြပါတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောပြသည်။
ပြစ်မှုကျူးလွန်သူမှာ ထားဝယ်မြို့ မှဖြစ်ပြီး ၎င်းကို နိုဝင်ဘာလ ၈ ရက် နေ့ညတွင် MAT အဖွဲ့နှင့်မဟာချိုင်ရဲတို့ ပူးပေါင်း၍  ဖမ်းဆီးနိုင်ခဲ့ပြီး အတူပါ သည့်အမျိုးသားမှာ ထွက်ပြေးလွတ် မြောက်နေဟု သိရသည်။