ကျားပါးစပ်ကြောင့် မျှောပိုက်များ အခက်တွေ့

0
1144

မြိတ်ခရိုင် ပုလောမြို့နယ် ကျောက် ကာကျေးရွာတွင် ကျားပါးစပ်လုပ်ငန်း များကြောင့် မျှောပိုက်လုပ်ငန်းများ အခက်တွေ့နေရကြောင်း ယင်းကျေးရွာရှိ မျှောပိုက်လုပ်ကိုင်သူများမှ သိရသည်။မျှောပိုက်လုပ်ငန်းသည် ဒီရေ အတက်အကျအလိုက် ပိုက်များမျှောကာ သားငါးများဖမ်းဆီးသည့် လုပ်ငန်းဖြစ် ပြီး ကျောက်ကာကျေးရွာ၏ မိရိုးဖလာလုပ်ကိုင်စားသောက်နေသည့် လုပ်ငန်း တစ်ခုဖြစ်သည်။


ကျားပါးစပ်လုပ်ငန်းမှာ ကျောက် ကာရွာအနီး ကော့ဒွေးကျွန်းတွင်၂၀၀၄ ခုမှစပြီး လုပ်ငန်းများစတင်လုပ်ကိုင်လာ ခဲ့သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော် လွင်ဦးက ပြောပြသည်။ ” ကျာပါးစပ်(ကျားတန်း)နဲ့ မျှော ပိုက်တွေ ညှိပြီး ပိုက်တွေ ဆုံးရှုံးနေရ တယ်”  ဟု ကျောက်ကာရွာနေ ဦစိုး သိန်းက ပြောသည်။ကျားပါးစပ်လုပ်ငန်း (ကျားပိုက်)သည် ရေအောက်တွင် တိုင်များစိုက် ထူထားပြီး တိုင်တစ်တိုင်နဲ့တစ်တိုင် အကြား ပိုက်များဖြင့် မြေအောက်ကြမ်း ပြင်မှ သားငါးများကို ဖမ်းဆီးသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

 
မျှောပိုက်ပစ်သည့် လမ်းကြောင်းတွင် ကျားပါးစပ်ပိုက်တွေရှိနေသည့် အတွက် ကျားပိုက်တန်းများနှင့် မျှောပိုက်များ ညှိ တွယ်က ပိုက်များဖြတ်တောက်ခြင်း၊ စုတ် ပြဲခြင်းများ ကြုံတွေ့နေရကြောင်း မျှော ပိုက်လုပ်ကိုင်နေသူတစ်ချို့က ပြောသည်။
ကျောက်ကာကျေးရွာရှိ အိမ်ခြေ ၇၀၀ ခန့်တွင် ၆၀၀ မှာ မျှောပိုက် လုပ်ငန်းများ လုပ်ကိုင်နေကြပြီး ကျား တန်းပိုက်များဖြင့် မကြာမကြာငြိစွန်းပြီး ပိုက်များဆုံး ရှုံးမှုများရှိခဲ့သည့်အတွက် ယင်း လုပ် ငန်းလုပ်ကိုင်သူ ၁၀၀ ဦးတွင် ၄၀ ဦးခန့်မှာ လုပ်ငန်းရပ်နားကာ အခြား အလုပ်များသို့ ပြောင်းရွှေ့လုပ်ကိုင်နေရ ကြောင်း ကျောက်ကာ ရွာသားအချို့ထံ မှ သိရသည်။
” ကျားတန်းကို လုံးဝမရှိစေချင်ဘူး သူတို့ကိုလည်း မျှောပိုက်လုပ်ငန်း လုပ် ကိုင်စေချင်တယ်”  ဟု မျှောပိုက်လုပ်ကိုင် နေသူတစ်ဦးက ပြောသည်။
ထို့ပြင် ကျားပါးစပ်လုပ်ငန်းများမှ ရရှိလာသော ပုဇွန်များကို ထင်းဖောင်း များဖြင့်ပြုတ်ကာအခြောက် ပြုလုပ်ကြရာ တွင်ဒီရေတောထင်းများနှင့် တောင်ပေါ် ထင်းများကို အသုံးပြုကြောင်း ကျားပါး စပ်လုပ်ငန်းများမှ သိရသည်။
”  မျှောပိုက်က ကျားပါးစပ်ပိုက် ထက် ဈေးနှုန်းသုံးဆခန့် ကုန်ကျတဲ့ အတွက် လုပ်ငန်းပြောင်းလုပ်ဖို့ မဖြစ်နိုင် ဘူး ” ဟု ကော့ဒွေးရွာနေ ကျားပါးစပ် လုပ်ငန်း တာဝန်ခံတစ်ဦးက ပြောသည်။

 
ကျားပါးစပ်လုပ်ငန်းကြောင့် ရွာ သားများ၏ ငါးဖမ်းလုပ်ငန်းကွက်များ ပျောက်ဆုံးနေမှု၊ ငါးဖမ်းပိုက်များ ပျက် ဆီးရှုံးဆုံးနေရမှုများနှင့် ထင်းသုံးစွဲမှု တို့ကြောင့် သဘာဝပတ်ဝန်းကျင်ပျက်ဆီးမှုများရှိနေသည့်အတွက် ရွာသား အချို့လက်မှတ်ရေးထိုးပြီး ကျားပါးစပ် လုပ်ငန်းများကို ဖျက်သိမ်းပေးရန် ယခုနှစ်အတွင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ထံသို့ ၄ ကြိမ်တိုင် တင်ပြတောင်းဆိုထားပြီးဖြစ်ကြောင်းအုပ်ချုပ်ရေးမှူး ဦးကျော်စွာဦးက ပြောပြသည်။