မွန်တွင် ၁၀ လအတွင်း လောင်းကစားမှု ၁၀၀ ကျော်

0
384

မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ယခုနှစ် လောင်းကစား ဖမ်းဆီးအရေးယူ မှု ပိုများလာပြီး ဇန်နဝါရီလမှ အောက်တိုဘာ ထိ လောင်းကစားမှု ၁၁၇မှု ဖမ်းဆီးရရှိ ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က လောင်း ကစား ဖမ်းဆီးအရေးယူမှု ၉၅ မှုရှိပြီး ယခုနှစ် ၁၀ လတာ ဖမ်းဆီးရမိမှုထက် နည်းသည်။
လောင်းကစားမှုများနှင့် ပတ်သက် ပြီး မွန်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် အရှိန်မြှင့် ဖမ်းဆီးဆောင်ရွက်မှုများ ပြု လုပ်နေသည့်အပြင် ပြည်သူလူထု ပူးပေါင်း ဆောင်ရွက်လာမှုကြောင့် လောင်းကစားမှု ပိုမို ဖမ်းဆီးရမိလာ သည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး (ဦးစီး) လှမြင့်က ပြောသည်။

 
ဖမ်းဆီးရမိသောလောင်းကစားမှုများတွင် အများဆုံးမှာ ၂ လုံး၊ ၃ လုံး (ချဲ)၊ ဘော်လုံး၊ ဖဲဝိုင်းတို့ဖြစ်ပြီး ကြက် ဝိုင်းအပါအဝင် အခြားလောင်းကစား ဝိုင်းများကိုလည်း ပါဝင်သည်ဟု သိရ သည်။

 
မွန်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် လောင်းကစားမှုများ လျော့နည်းပပျောက် စေရေးအတွက် ဖမ်းဆီးအရေးယူ ဆောင် ရွက်ခြင်း များအပြင် ပြည်သူများအား လောင်းကစားမှုများနှင့်ပတ်သက်၍ အသိပညာရရှိစေရေးအတွက် ပညာပေး ဆောင်းပါးများဖော်ပြခြင်း လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ နယ်မြေဒေသ သို့ ကွင်းဆင်း၍ ပညာပေး ဟောပြော ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။