ကြားဖြတ်ရွေးကောက်ပွဲတွင် မွန် ၂ ပါတီစလုံး ဝင်ပြိုင်မည်

0
503

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင် ကျင်းပပြုလုပ်မည့်ကြားဖြတ်ရွေး ကောက်ပွဲတွင် မွန်နှစ်ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီနှင့် မွန်အမျိုးသားပါတီတို့ ဝင်ပြိုင်မည်ဖြစ် ကြောင်းသက်ဆိုင်ရာပါတီ ခေါင်းဆောင် များထံမှ သိရသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ချောင်း ဆုံမြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် တွင် NLD ပါတီမှ ဒေါ်ခင်ဌေးကြွယ် ကအနိုင်ရရှိထားပြီး ၎င်းသည် နိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးအဖွဲ့ ဝင်အဖြစ် ခန့်အပ်ခံရသည့်အတွက် အဆို ပါ မဲဆန္ဒနယ်သည် လစ်လပ်သွားခြင်း ဖြစ်သည်။” ဘယ်သူ့ကို ယှဉ်ပြိုင်ခွင့်ပေးမယ် ဆိုတာမြို့နယ်က လူရွေးပေးမယ်၊ ဗဟို က ဆုံးဖြတ်ချက်ချပေးမယ်”  ဟု မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအတွင်း ရေးမှူး နိုင်စံတင်က ပြောသည်။

 
မွန်အမျိုးသားပါတီကလည်း ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းကို မရွေးချယ်ရသေးကြောင်း ပြောသည်။
” ဘယ်သူ့ကိုရွေးမလဲ၊ မဲဆွယ်စည်း ရုံးရေးကို ဘယ်လိုလုပ်မလဲဆိုတာ မြို့နယ်ကိုဆုံးဖြတ်ပိုင်ခွင့် ပေးထားတယ်”  ဟု မွန်အမျိုးသား ပါတီအတွင်းရေးမှူး(၂) နိုင်စိုးမြင့်က ပြောသည်။မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲကျင်းပ ခဲ့စဉ်က ကိုယ်စားလှယ်လောင်း ၃၅ နေ ရာဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်နေရာ အနိုင်ရရှိထားသည့်ပါတီ ဖြစ်သည်။

 
မွန်အမျိုးသားပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၄၅ နေရာတွင် ၃၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ် တော် တစ်နေရာနှင့် ပြည်နယ်လွှတ်တော် ၂ နေရာအနိုင်ရရှိထားသည်။ကြားဖြတ် ရွေးကောက်ပွဲဝင်ပြိုင် မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းကိုနိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင် ဘာလ ၇ ရက်အတွင်း တင်သွင်းရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။