သချိုင်္င်းတွင် လက်ပြတ် လာရောက်စွန့်ပစ်ထားမှုကြောင့် ထိတ်လန့်

0
393

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု ကလွင်ကျေးရွာရှိ ဘာသာပေါင်းစုံ သင်္ချိုင်းရှိ မြန်မာသင်္ချိုင်းတွင် လက်ပြတ် တစ်ခုလာရောက် စွန့်ပစ်ထားသည့် အတွက် အနီးဝန်းကျင်နေသူများ ထိတ် လန့်ခဲ့ရသည်။


ယင်းလက်ပြတ်အား နိုဝင်ဘာလ ၁ ရက် နံနက်က တွေ့ရှိခဲ့ပြီး မြက် ရိတ်သမားတစ်ဦးက မြက်ရိတ်နေစဉ် မြန်မာသင်္ချိုင်းရှိ အုတ်ဂူတစ်ခု၏နံဘေး တွင်တွေ့ရှိခြင်းဖြစ်ကြောင်း မြိတ်မြို့နယ် ရဲစခန်း သိရသည်။အဆိုပါ လက်ပြတ်သည် ရေလုပ် သမားတစ်ဦးမှ ဘုတ်ကျွန်းအနီး ပင် လယ်ပြင်တွင် ငါးဖမ်းပိုက်ချနေစဉ် ခွမ်းစက်အတွင်းသို့ ဝဲဘက်လက်ညှပ်ပြီး လက်ကောက်ဝတ်အထက်မှ ပြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လူနာကို မြိတ်ဆေးရုံကြီးသို့ ပြန်လည်တက်ရောက် ဆေးကုသခံယူ ခဲ့ကာ ပြတ်သွားသည့် ဝဲဘက်လက် ပြတ်အား ရေလုပ်သား၏ အစ်ကိုဖြစ် သူက လာရောက် စွန့်ပစ်ထားခြင်းဖြစ် ကြောင်း ရဲစခန်းထံမှ သိရသည်။