ကားထိုင်ခုံခါးပတ် မပတ်သူများကို လာမည့်နှစ်ဆန်း စတင်အရေးယူမည်

0
503

ကားမောင်းရာတွင် ထိုင်ခုံခါးပတ် မပတ်ဘဲ မောင်းသူများ အား လာမည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွေင် စတင်အရေးယူမည် ဖြစ်ကြောင်း အမှတ် (၁၁) ယာဉ်ထိန်းရဲ ဒုတိယ တပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ)ထံမှ သိရသည်။


ကားခါးပတ် ပတ်ခြင်းနှင့် ပတ်သက် ၍ လာမည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး ၂၀၁၇ ခုနှစ် ဇန်န ဝါရီလ ၁ ရက်တွင် စတင်ဖမ်းဆီးသွား မည်ဖြစ်ကြောင်း အမှတ်(၁၁)ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ ခွဲမှူးရုံး (တနင်္သာရီ)မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။]]ပညာပေးကာလမှာ သက်ဆိုင်ရာ ဌာနတွေပါတဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ တား ဆီးစစ်ဆေးပြီး ပညာပေးတာတွေ လုပ် သွားမယ်}}ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

 
ထိုင်ခုံခါးပတ် ပတ်ပြီး မောင်းနှင် စဉ် ယာဉ်မတော်တဆမှု ဖြစ်ပွားပါက ဒဏ်ရာရမှုကို လျော့ချနိုင်သည့်အတွက် ခါးပတ် ပတ်ထားပြီးမှသာ မောင်းနှင် သင့်ကြောင်း ၎င်းက အကြံပြုသည်။ယာဉ်နံပတ် ” ၆ဃ” အက္ခရာနှင့် အထက် လူစီးယာဉ်များ အားလုံး အသက်ကယ်ထိုင်ခုံ ခါးပတ်(Seat Belt)များ ပါရှိရမည်ဖြစ်ပြီး ၁၉၉၅ ခုနှစ်နှင့်အထက် ထုတ်လုပ်သည့် ယာဉ် များအနေဖြင့် မူလစက်ရုံထုတ် ပုံစံတွင် ပါရှိသည့်အတိုင်း အသက်ကယ်ထိုင်ခုံ ခါးပတ်ပါရှိရမည် ဖြစ်ကြောင်း အထက် ပါရုံးမှ သိရသည်။

 
Pick Up ၊  Light Truck နှင့် City Bus  အစရှိသည့် ကားများတွင် ယာဉ်မောင်းသူ အသက်ကယ်ထိုင်ခုံ ခါးပတ် မဖြစ်မနေ ပါရှိရမည်ဖြစ်ပြီး ကျောင်းကားနှင့် အဝေးပြေးခရီးသည် တင်ယာဉ်များတွင် ယာဉ်မောင်းနှင့် ခရီးသည်များအတွက် အသက်ကယ် ထိုင်ခုံခါးပတ် ပြည့်စုံစွာ ပါရှိရမည်ဟု အမှတ်(၁၁) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ ခွဲမှူးရုံး (တနင်္သာရီ) ထံမှ သိရသည်။
ရန်ကုန်မြို့တွင်မူ လာမည့်နိုဝင် ဘာလ ၁ ရက်မှစကာ ခါးပတ်မပတ် သူများကို စတင်အရေးယူတော့မည်ဖြစ် ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်ကို ကိုးကား၍ ပြည်တွင်းထုတ် သတင်းစာများတွင် ရေးသားဖော်ပြ ထားသည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက် မှစ၍ စစ်ဆေးဖမ်းဆီးသွားမည် ဖြစ်ပြီး ဖောက်ဖျက်ပါက မော်တော်ယာဉ် ဥပဒေ အရ အရေးယူသွားမည်ဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။