မူးယစ်ဆေးကွင်းဆက် သင်္ကန်းဝတ် ၂ ဦး ဖမ်းမိ

0
355

မြိတ်-ကော့သောင်း ခရီးသည်တင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီး သည်တစ်ဦးထံမှ ဖမ်းဆီးရမိသည့် စိတ် ကြွဆေးပြား ၈၀၀၀ အမှု၏ ကွင်းဆက် ဖြစ်သည့် သင်္ကန်းဝတ် ၂ ဦးကို နိုဝင်ဘာလ ၂ ရက်က ဖမ်းဆီးရမိခဲ့ ကြောင်း မြိတ်မြို့နယ် ရဲစခန်း ရဲတပ် ဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။


မြိတ်မြို့ ကန်ဖျားရပ်ကွက် မီးစက် ကြီးအနီးတွင် နိုဝင်ဘာလ ၁ ရက် ညနေ ၄ နာရီအချိန်က ရန်ကုန်-မြိတ်-ကော့ သောင်း ခရီးစဉ်အတိုင်း လိုက်ပါသည့် ကော့သောင်းမြို့နေ ခရီးသည် ဦးတင် ထွေးဆိုသူထံမှ စိတ်ကြွမူးယစ်ဆေးပြား ၈၀၀၀နှင့် ငွေကျပ် သုံးသိန်းကျော်ကို ကနဦး ဖမ်းမိခဲ့ကြောင်း မြို့နယ် ရဲစခန်း မှ သိရသည်။

 
ဦးတင်ထွေး၏ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါးအမှုနှင့် ဆက်စပ်နေသည့် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်နေ သင်္ကန်းဝတ် ၁ ဦးကို ဖမ်းဆီးရမိခဲ့ကာ ကျန် သင်္ကန်းဝတ် ၁ ဦးကို ဘားအံမြို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဦးတင်ထွေးက မူးယစ်ဆေးဝါးဖိုး ဘားအံကို ငွေလွှဲပေးရမည်ဖြစ်သည့် အတွက် ဘားအံ ကမ္ဘောဇဘဏ်ခွဲသို့ ငွေလွှဲပေးပို့ဟန် ပြုလုပ်ခဲ့ပြီး ဘဏ်တွင် ငွေလာထုတ်စဉ် ဖမ်းဆီးခဲ့ခြင်း ဖြစ် ကြောင်း အထက်ပါ ရဲတပ်ဖွဲ့ဝင်က ပြော သည်။
အဆိုပါ ဦးတင်ထွေးဆိုသူ အပါ အဝင် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်မှု ရှိနေသည့် သင်္ကန်းဝတ် ၂ ဦးတို့အား မြိတ်မြို့ရဲစခန်းက မယ(ပ)၁၆၃^၂၀၁၆ မူး^စိတ်ပုဒ်မ ၁၅၊၁၉(က)၊၂၀(က)၊ ၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ကြောင်းယင်းရဲစခန်းမှ သိရသည်။