မော်လမြိုင်တွင် ဖမ်းမိသည့် ဘင်္ဂါလီ ၁၂ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်

0
378

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြေနီ ကုန်းအဝေးပြေးကားဝင်းတွင် ဖမ်းဆီး ရမိထားသည့် ခိုးဝင် ဘင်္ဂါလီ ၁၂ ဦးကို မော်လမြိုင်မြို့နယ် တရားရုံးက နိုဝင် ဘာလ  ၂ ရက်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီဖြင့် ပြစ်ဒဏ်ချမှတ် လိုက်ကြောင်း ပြည်နယ် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦး စီးမှူးရုံးထံမှ သိရသည်။


အဆိုပါ ဘင်္ဂါလီ ၁၂ ဦးကို အောက်တိုဘာလ ၁၇ ရက်က ဖမ်းဆီးရ မိထားပြီး ၎င်းတို့ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ ၁၉၄၉ ခုနှစ် ပြည်ထောင်စု     မြန်မာနိုင်ငံ အတွင်းနေထိုင်သူများ အက် ဥပဒေပုဒ်မ ၆ (၂)၊၆ (၃) ဖြင့် တရားစွဲ ဆိုထားခြင်း ဖြစ်သည်။
” ပြစ်ဒဏ်ကျခံ ပြီးသွားရင်တော့ သူတို့ကို သူတို့မူရင်းနေရပ်ကို ပြန်ပို့ သွားမှာ ဖြစ်တယ် ”  ဟု ပြည်နယ် လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ ညွန်ကြားရေးမှူး ဦးရှိန်ဝင်းက ပြောသည်။

 
ထောင်ဒဏ် ချမှတ်ခံရသည့် ဘင်္ဂါလီ ၁၂ ဦးတို့သည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့ နယ်တို့မှ လာရောက်သူများ ဖြစ်ကြသည် ဟု ရဲမှတ်တမ်းများအရ သိရသည်။ပြီးခဲ့သည့် စက်တင်ဘာလနှင့် အောက်တိုဘာလခန့်ကလည်း မွန် ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ဘင်္ဂါလီ ၉ ဦး၊ သံဖြူဇရပ်မြို့နယ်တွင် ၂ ဦး ဖမ်းဆီးရမိပြီး ၎င်းတို့ကိုလည်း လ၀က ဥပဒေဖြင့် အရေးယူခဲ့သည်ဟု ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဆိုင်ရာဦးစီးမှူးရုံးမှ သိရသည်။