တရားမဝင် သစ်ဖမ်းရာတွင် လွှတ်တော်ကိုယ်စားလှယ် အချို့ ပူးပေါင်း

0
415

တနင်္သာရီမြို့နယ်တွင် နိုဝင်ဘာလ ၂ ရက် နံနက် ၃ နာရီအချိန်ခန့်က တရားမဝင်သစ်လှေများကို ဖမ်းဆီးရာ တွင် လွှတ်တော် ကိုယ်စားလှယ် အချို့ ပူးပေါင်း ပါဝင်ခဲ့ကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။


ယင်းမြို့နယ် ပ၀ကျေးရွာနှင့် မော် တုံးကျေးရွာအကြားရှိ ရေလမ်းတွင် တရားမဝင်သစ်တင်များ တင်ဆောင် ထားသည့် လှေ ၂ စီးတို့ကို သစ်တော ဌာန၊ ရဲတပ်ဖွဲ့၊ ရပ် / ကျး အုပ်ချုပ် ရေးမှူးများနှင့် လွှတ်တော် ကိုယ်စား လှယ် တချို့ပါ ပူးပေါင်းပြီး ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်း ပြီး လိုက်ပေးတဲ့သဘောပါ” ဟု တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။
အဆိုပါ ဖမ်းဆီးရမိသည့် စက်လှေ များပေါ်ပါ သစ်များကို တိုင်းတာနေဆဲ ဖြစ်ပြီး ဥပဒေအရ အရေးယူနိုင်ရန် အတွက် ဆောင်ရွက်နေဆဲဖြစ်ကြောင်း တနင်္သာရီမြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်စိုးက ပြောပြ သည်။ထို့ပြင် ပြီးခဲ့သည့် အောက်တို ဘာလ ၂ ရက်နေ့က သိန်ခွန်းကျေးရွာ အုပ်စုရှိ တနင်္သာရီ-ကော့သောင်း သွား ကားလမ်းမပေါ်တွင် တရားမဝင် သစ်ခွဲသားများ တင်ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ကားတစ်စီးကို ဖမ်းဆီးရမိခဲ့ပြီးဖြစ်ကြောင်း ယင်းမြို့ နယ် သစ်တောဦးစီးဌာနမှ သိရသည်။