သဘာဝထိန်းသိမ်းရေး နယ်မြေတွင် ကျောက်ထုတ်ခွင့် ထာဝရပိတ်ပင်ရေး ဆောင်ရွက်မည်

0
509

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကေလာသတောင် သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်း ကျောက်ထုတ်လုပ်ခွင့် ထာဝရ ပိတ်ပင်သွားစေရန်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ပြောကြားလိုက်သည်။


ကေလာသတောင် သစ်တောကြိုး ဝိုင်းအတွင်း Rock well Mining Co,Ltd  ကုမ္ပဏီက လမ်းခင်းကျောက် ထုတ်လုပ် စက်ယန္တရားကြီးများဖြင့် သစ် တောရှင်းလင်းနေသည့်ကိစ္စနှင့် ပတ် သက်ပြီး အောက်တိုဘာ ၁၉ ရက်က ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက နေပြည်တော်သို့ ကန့်ကွက်စာ တင်ခဲ့သည်။

 
ယင်းမှာ ခွင့်ပြုချက်မရသေးဘဲ ကျောက်ထုတ်နေခြင်းဖြစ်ကြောင်း သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာနက တွေ့ရှိခဲ့ပြီး ခွင့်ပြုချက် မရသေးဘဲ ဆက်မလုပ်ရန် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက တားမြစ်ခဲ့သည်။
” တားမြစ်တာက ယာယီပါပဲ၊ သက်ဆိုင်ရာ သဘောထားမှတ်ချက် ယူပြီးမှ ဆက်လုပ်ဖို့။ ကျွန်တော်က ယာယီတားမြစ်ချက်ကို မကျေနပ်ဘူး။ ထာဝရတားမြစ်ချက် ထုတ်ပြန်ပေးရမှာ”  ဟု ဒေါက်တာခင်နိုင်ဦးက ပြောသည်။
ထိုကြောင့် ထိုနယ်မြေအတွင်း ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်ခွင့် ထာဝရရပ်ဆိုင်းသွားနိုင်ရန် သမ္မတ ထံသို့ ကန့်ကွက်စာ ဆက်လက်တင်ပြ သွားမည်ဖြစ်သလို လွှတ်တော်မှတဆင့် လည်း ဆွေးနွေးသွားမည်ဟု ဒေါက်တာ ခင်နိုင်ဦးက ပြောသည်။
ကေလာသတောင်သည် သမိုင်းဝင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အများအပြား တည်ရှိရာဒေသတစ်ခုဖြစ် သလို တောင်တော်ကို မှီခိုနေကြရသည့် ဒေသခံ သောင်းချီရှိနေသည့်အတွက် ကျောက်ထုတ်လုပ်ရန်  ခွင့်မပြုသင့်သည့်    နေရာဖြစ်သည်ဟု    ဒေါက်တာခင်နိုင်ဦး၏ နိုင်ငံတော်သမ္မတံထံ တင်ပြထားသည့် စာတွင် ရေးသားထားသည်။
ကေလာသသဘာဝထိန်းသိမ်းရေး နယ်မြေအတွင်း လမ်းခင်းကျောက်ထုတ် သည့် ကျောက်မိုင်းလုပ်ကိုင်ခွင့်ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တော ဦးစီးဌာနညွှန်ကြားရေးမှူး ချုပ်ကိုယ်စား မွန်ပြည်နယ် သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်း မြင့်နှင့်  Rock Well  Mining   ကုမ္ပဏီမှ ဦးသန့်ဇင်ထွန်းတို့က ဇွန်လ ၁ ရက်က သဘောတူ လက်မှတ်ရေး ထိုးထားခဲ့ကြ သည်။

 
သို့သော် ထိုကုမ္ပဏီသည် ကေလာ သသဘာဝ ကြိုးဝိုင်းနယ်မြေအတွင်း လမ်းခင်းကျောက်ထုတ်လုပ်ရန် လုပ်ငန်းလိုင်စင် လျှောက်ထားဆဲ ဖြစ် ကြောင်း လိုင်စင်မကျသေးဘဲ လုပ်ငန်း စတင် ဆောင်ရွက်နေသည့် အနေအထား ဖြစ်ကြောင်း သိရသည်။ဧရိယာ ၄၅ ဧကတွင် လုပ်ကိုင် မည်ဖြစ်ပြီး ကျောက်ကျင်းပေါင်း ၁၀၀၀၀ ထုတ်လုပ်သွားမည်ဖြစ်ကာ ကျောက်ထုတ်လုပ်ခွင့် သက်တမ်းကို ၂၀၁၆ ဇွန်လ ၁ ရက်နေ့မှ ၂၀၁၇ ခုနှစ် မေလ ၃၁ ရက်နေ့ထိဖြစ်သည်ဟု ချုပ်ဆို ထာသည့်စာချုပ်အရ သိရသည်။