ကော့သောင်းတွင် အမှိုက်သိမ်းကား ဘက္ထရီဖြုတ်ခိုးခံရ

0
384

ကော့သောင်းမြို့ ရွှေဇင်ယော်ရပ် ကွက်တွင် နိုဝင်ဘာ ၁ ရက်က ရပ် ကွက်ပိုင် အမှိုက်သိမ်းကားတစ်စီးရှိ ဘက္ထရီများ ဖြုတ်ခိုးခံခဲ့ရသည်။
ယင်းအမှိုက်ကားကို ရွှေဇင်ယော် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ရပ်ထားပြီး အခိုးခံရသည်ကို ယင်းနေ့ နံနက် ၅ နာရီကျော်တွင် သိခဲ့ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ပြောသည်။


လက်ရှိတွင် မြို့ပေါ်ရှိ အဟောင်း ပစ္စည်းဆိုင်များကို ဘက္ထရီ လက်ခံ ဝယ်ယူခြင်းမပြုမိစေရန် မှာထားပြီး လတ်တလောတွင် အမှိုက်သိမ်းလုပ်ငန်း မရပ်သွားစေရန် အုပ်ချုပ်ရေးမှူးက ပိုက်ဆံစိုက်ထုတ် ဝယ်ယူပြီး လည်ပတ် နေကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ခရိုင်နှင့် မြို့မရဲစခန်းမှ ပုံမှန်ကင်းလှည့် နေသော် လည်း ခိုးမှုလုယက်မှု ကျူးလွန်ချိန်များ သော ကင်းလှည့်နေကျ မဟုတ်သည့် အချိန်၊ လူသွားလူလာ နည်းပါးသည့် အချိန် များဖြစ်သည့်အတွက် ဖမ်းဆီး မိခြင်းမရှိသည့်အပြင် ကာယကံရှင်များ ကလည်း အမှုဖွင့်တိုင်ကြားခြင်း မရှိကြ ဟု ကော့သောင်းမြို့မရဲစခန်းမှ သိရ သည်။