ထားဝယ်တစ်လမ်းမောင်း ပညာပေးကာလ တစ်လ ထပ်တိုး

0
426
photo - Aung Thu

နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြီးဆုံး မည်ဟု ကြေညာထားသည့် ထားဝယ် တစ်လမ်းမောင်း ပညာပေးကာလအား ဒီဇင်ဘာလ ၁ ရက်အထိ ထပ်တိုးထား ကြောင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့ မော်က ပြောသည်။


ထားဝယ်မြို့ ဈေးတောင်ဘက်လမ်း နှင့် လမ်းဆုံကြီးမီးပွိုင့်မှ ရုံးကြီးလမ်း ဆုံအထိ အာဇာနည်လမ်းပိုင်းတို့အား အောက်တိုဘာ ၈ ရက်နေ့မှစ တစ်လမ်း မောင်းစနစ် သတ်မှတ်ခဲ့ပြီး ပညာပေး ကာလအား နိုဝင်ဘာလ ၁ရက်နေ့အထိ သတ်မှတ်ထားခဲ့ရာမှ ယခုကဲ့သို့ ထပ် တိုးလိုက်ခြင်း ဖြစ်သည်။

 
တစ်လမ်းမောင်းစနစ် သတ်မှတ် ထားမှုအား နယ်တွင်နေထိုင်သူများ ပျံ့ပျံ့နှံ့နှံ့သိနိုင်ရန် ရည်ရွယ်ကာ ပညာပေးကာလ ထပ်တိုးလိုက်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။” တချို့က တစ်လကြာလို့တစ်ခါ မြို့မရောက်တော့ ပညာပေးကာလပဲ သတ်မှတ်ပေးပါဦးဆိုပြီး ကျွန်မပဲ ပြော ထားတယ်”  ဟု ဝန်ကြီးချုပ်က ဆိုသည်။

 
ပညာပေးကာလအတွင်း တစ်လမ်း မောင်းပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်းများကို စည်ပင်ဌာနနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။ပညာပေးကာလပြီးဆုံးပါက လမ်း ပြောင်းပြန် မောင်းနှင်သည့် ယာဉ်များကို ယဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေ များအတိုင်း အရေးယူရမည်ဟု သိရ သည်။