ကာယိနြေ္ဒပျက်ပြားအောင် လုပ်သည်ဟုဆိုကာ တရုတ်နိုင်ငံသားအလုပ်ရှင် အတိုင်ခံရ

0
452

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု တက္ကသိုလ်ရပ်ကွက်တွင် အလုပ်ရှင်ဖြစ် သူ တရုတ်နိုင်ငံသားမှ ကာယိနြေ္ဒပျက် ပြားအောင်   ပြုလုပ်သည်ဟုဆိုကာ မိန်း ကလေးအလုပ်သမားအချို့က တိုင်ကြား လိုက်သည်။


အဆိုပါ အလုပ်ရှင်သည် ကိုယ်ကို သိုင်းဖက်ခြင်း၊ ရင်သားနှင့် တင်ပါး တို့ကို ကိုင်ခြင်း၊ ဖုန်းအတွင်းမှ ညစ် ညမ်းဓာတ်ပုံများကို ပြသခြင်းတို့ ပြု လုပ်ခဲ့သည်ဟု အထက်ပါ အလုပ်သမား များက ပြောသည်။ယင်းသို့သော အပြုအမူများကို စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့ သည်ဟု အလုပ်သမားများက ပြောပြီး ကြိမ်သီးရေတွက်ရာတွင် မှားယွင်းသည် ဟုဆိုကာ အောက်တိုဘာ ၆ ရက် နံနက် က အလုပ်ထုတ်ခံရကြောင်း ၎င်းတို့က ပြောသည်။
” ကိုယ်ကိုသိုင်းဖက်ပြီး ရင်သားနှင့် တင်ပါးတွေကို ကိုင်တာမျိုးလုပ်တယ်” ဟု အလုပ်သမားတစ်ဦးဖြစ်သူ မထက် ထက်က ပြောသည်။
ယင်းသို့ ကာယိနြေ္ဒကိုပျက်ပြား အောင်လုပ်ခဲ့ပြီး အလုပ်မှ ထုတ်ပယ်ခဲ့ သည်ကို မကျေနပ်သဖြင့် အောက်တိုဘာ ၆ ရက်တွင် အထက်ပါ အလုပ်သမား များက လာရောက်တိုင်ကြားရခြင်း ဖြစ် ကြောင်း ကလွင်ကျေးရွာအုပ်ချုပ်ရေး မှူး ဦးရန်နိုင်စိုးက ပြောပြသည်။

 
အဆိုပါ တရုတ်နိုင်ငံသားသည် မြိတ်ဒေသထွက် ကြိမ်သီးများကို ဝယ် ယူပြီး အလှဆင် ပစ္စည်းများ ထုတ်လုပ် ကာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေ ခြင်းဖြစ်ပြီး လုပ်ငန်းခွင်တွင် မြန်မာ အမျိုးသမီးအလုပ်သမား ၁၃ ဦး ရှိ ကြောင်း ယင်းလုပ်ငန်းမှ သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံသားအား မြိတ်မြို့ရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၅၄ / ၂၉၂-က ဖြင့် အမှုဖွင့် အရေးယူဆောင် ရွက်ထားကြောင်း ယင်းရဲစခန်းမှ သိရ သည်။
ထို့ပြင် တရုတ်နိုင်ငံသားမှာ လုပ် ငန်းဗီဇာဖြင့် လာရောက်သော်လည်း လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ လုပ်ကိုင်နေပြီး သက်ဆိုင်ရာ ဌာနများ သို့ သတင်းပို့ရန် ပျက်ကွက်ခြင်းတို့ ကြောင့် လ၀က အက်ဥပဒေပုဒ်မ ၁၃(၁) အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။