ထားဝယ်တွင် လူနာတင်ယာဉ် ခုတုံးလုပ်သူများကင်းရှင်းရေး ဇမ္ဗူသီရိအဖွဲ့ စီစဉ်

0
597

ထားဝယ်မြို့ပေါ်ရှိ လူနာတင်ယာဉ် အဖွဲ့အချို့ကို ခုတုံးလုပ်ကာ မသမာ မှုများရှိလာသဖြင့် တိုင်းအစိုးရထံ တင်ပြတိုင်ကြားရန် စီစဉ်လျက်ရှိသည်။


ထားဝယ်မြို့ပေါ်ရှိ အရေးပေါ် လူနာတင်ယာဉ် ကူညီရေး အဖွဲ့တစ်ခု ဖြစ်သော ဇမ္ဗူသီရိအဖွဲ့အမည်အသုံး ပြုကာ တနင်္သာရီနှင့် မွန်နယ်စပ် မလွှဲတောင်လမ်းပိုင်းမှတစ်ဆင့် အရေး ပေါ်ကား ၁၈ စီးခန့် တင်သွင်းလာသည်ဟု သိရပြီးနောက် ထိုအဖွဲ့က အစိုးရထံ တင်ပြရန် စီစဉ်လာခြင်း ဖြစ်သည်။

 
ထိုလမ်းကြောင်းမှ ၁၈ စီး တင် သွင်းလာသည်ဟု ဆိုသော်လည်း ဇမ္ဗူသီရိအဖွဲ့က ၃ စီးသာ အမှန်တကယ် သွင်းထားကြောင်း ဇမ္ဗူသီရိအဖွဲ့မှ ဦးနိုင်မျိုးသွင်က ဆိုသည်။မသမာသူများက ယင်းကဲ့သို့ အဖွဲ့ နာမည်ကို တလွဲသုံးကာ လုပ်ကိုင် နေနိုင်ပြီး ပြဿနာတစုံတရာ ဖြစ် လာပါက အမှန်တကယ် ကူညီ လုပ်ကိုင်နေသူများကို အထင်လွဲလာ နိုင်သဖြင့် အရေးပေါ်လူနာတင်ယာဉ် စိစစ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန် အောက်တို ဘာလအတွင်း တိုင်းဒေသကြီးအစိုးရထံ တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

” မသမာသူတွေက လုပ်လိုက်ရင် ဖြူဖြူစင်စင်နဲ့ ကူညီပေးနေသူတွေကို အထင်လွဲစရာတွေ ဖြစ်လာနိုင်တယ်၊ ဥပဒေဘောင်အတွင်းကပဲ ကူညီပေးနေ တော့ ဒီလိုမျိုး အဖြစ်မခံနိုင်ဘူး”  ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။

 
ယင်းအပြင် ညအချိန်များတွင် ထားဝယ်မြို့အထွက် ပေါက်တိုင်းဂိတ်မှ လူနာတင်ယာဉ်တစ်စီးနှင့် နိဗ္ဗာန်ယာဉ် တစ်စီး နေ့စဉ်နီးပါး ဖြတ်သန်းလေ့ရှိပြီး မည်သည့်ဒေသမှ လာသည်ကို မသိသေး ကြောင်း ၎င်းက ပြောသည်။
အရေးပေါ် လူနာတင်ယာဉ် စိစစ် ရေးအဖွဲ့ ဖွဲ့စည်းနိုင်ပါက လူနာတင် ယာဉ်များကို တားဆီးရန်မဟုတ်ဘဲ စစ် ဆေးရန်သာ ဖြစ်ကြောင်း ဦးနိုင်မျိုးသွင် ကဆိုသည်။

 
မြန်မာနိုင်ငံ ဒေသအချို့တွင် အ ရေးပေါ်လူနာတင်ယာဉ်ကို ခုတုံးလုပ် ကာ လူမှောင်ခိုကူးခြင်း၊ ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းများသယ် ယူခြင်း အစရှိသည့် လုပ်ရပ်များကြောင့် စိစစ်မှုများရှိခဲ့သည်။