တရုတ်အလှမီးအိမ် ဈေးကွက်အတွင်း အဝင်များလာ

0
542

သီတင်းကျွတ်ရာသီ နီးကပ်လာပြီ ဖြစ်သည့်အတွက် တရုတ်နိုင်ငံထုတ် အလှမီးအိမ်များ ထားဝယ် ဈေးကွက် အတွင်း ပိုမိုဝင်ရောက်လာကြောင်း အလှ မီးအိမ်ရောင်းချသည့် ဈေးကွက်အတွင်းမှ သိရသည်။


ရိုးရာမီးအိမ်တစ်မျိုးဖြစ်သည့် ဘာဂျာမီးအိမ်မှာ ဖယောင်းတိုင်ဖြင့် ထွန်းညှိရသည့်အတွက် မီးဘေး အန္တရာယ် စိုးရိမ်ကာ အသုံးပြုမှု နည်း ပါးလာသည်ဟု ထင်မြင်ကြောင်း အလှ မီးအိမ်များရောင်းချနေသည့် ထားဝယ် မြို့မှ နာမည်ကြီး စတိုးဆိုင်ပိုင်ရှင်တစ်ဦး က ဆိုသည်။
” လက်ရှိအချိန်ထိတော့ အရောင်း အဝယ်အေးနေတုန်းပဲ၊ ဒီမှာက ရက်နီး လာမှ အလုအယက်ဝယ်ကြတာ” ဟု အဆိုပါ စတိုးဆိုင်ပိုင်ရှင်က ပြောသည်။

chinese_light
တရုတ်နိုင်ငံထုတ် မီးအိမ်များ အဝင်များလာခြင်းနှင့် လျှပ်စစ်မီးသီး များဖြင့် ထွန်းညှိမှုများကြောင့် ယမန် နှစ်က   ထောင်ဂဏန်းအထိ ရောင်း ကုန်ခဲ့    သော မော်လမြိုင်ထုတ် မီးအိမ်များ ယခု နှစ်တွင် ရောင်းအားကျနိုင် ကြောင်း ထားဝယ်မြို့ စည်ပင်သာယာဈေးကြီး အတွင်း အလှမီးအိမ် ရောင်းချနေသည့် အသက် ၅၀ နှစ် အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။”

 

တရုတ်လုပ် မီးအိမ်တွေ ဝင်လာ ပေမယ့် ဈေးနှုန်းချင်းကွာတော့ ရောင်း အားတော့ မကျနိုင်ဘူး”  ဟု အလှမီးအိမ် များ ပင်ရင်းထုတ်လုပ် ရောင်းချနေသည့် ထားဝယ်မြို့ ခုံဝင်းဒပ်ရပ်ကွက်မှ ဒေါ်မှုံ က ပြောသည်။

 
တရုတ်နိုင်ငံလုပ် အလှမီးအိမ်များ မှာ ဈေးများပြီး ရိုးရာလက်မှုလုပ်ငန်း ဖြစ်သည့် ထားဝယ်လုပ်မီးအိမ်များတွင် လျှပ်စစ်မီးသီးထည့်ကာ ထွန်းညှိနိုင်ပြီး ဈေးနှုန်းချိုသာသည့်အတွက် ရောင်းအား မကျနိုင်ကြောင်း ဒေါ်မှုံက ဆိုသည်။ထားဝယ်ဒေသအတွင်း ပိုမိုဝင် ရောက်လာသည့် တရုတ်နိုင်ငံလုပ်မီးအိမ် အနိမ့်ဆုံးဈေးနှုန်းမှာ ကျပ် ၂၅၀၀မှ ကျပ် ၆၀၀၀ အတွင်းရှိပြီး ထားဝယ်၊ မော်လမြိုင်နှင့် ရန်ကုန်ထွက် မီးအိမ် ဈေးနှုန်းမှာ ကျပ် ၁၂၀ မှ ကျပ် ၅၀၀ အထိ ဈေးရှိကြောင်း ထားဝယ်ဈေးကွက် အတွင်းမှ သိရသည်။

 
ဒေသတွင်း ထိုင်းနိုင်ငံနှင့် တရုတ် နိုင်ငံထုတ် လျှပ်စစ်အလှဆင်မီးများ တွင်ကျယ်စွာ အသုံးပြုလာမှုများကြောင့် ရိုးရာအလှဆင်မီးအိမ် သုံးစွဲမှု လျော့ နည်းသွားခဲ့သည်။