မွန်ပြည်နယ်အစိုးရ အကောင်အထည်ဖော်မည့် စီမံကိန်း ၂ ခုရပ်ဆိုင်းရန် လွှတ်တော်ဆုံးဖြတ်

0
431

မွန်ပြည်နယ်လွှတ်တော် ကကန့်ကွက် နေသော်လည်း မွန်ပြည်နယ်အစိုးရက အကောင်အထည်ဖော်ခဲ့သည့် အဆင့်မြင့် အစိုးရ ဧည့်ရိပ်သာ စီမံကိန်းနှင့် အ ကောင်အထည်ဖော်ရန်ရှိသည့် ဥပဒေ ချုပ်ရုံးအသစ် ပြန်လည်တည်ဆောက်ရေး စီမံကိန်းတို့အား ရပ်ဆိုင်းရန် မွန်ပြည် နယ်လွှတ်တော်က အတည်ပြု ဆုံးဖြတ် လိုက်သည်။


အဆိုပါ စီမံကိန်း ၂ ခုနှင့် ပတ် သက်ပြီး ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပခဲ့စဉ်က စီမံကိန်း ၂ ခု တည် ဆောက်မည့်အစား ပြည်သူလူတိုက်   ရိုက်အကျိုးရှိစေမည့်စီမံကိန်းများ၊ လုပ် ငန်းများတွင် ပြောင်းလဲသုံးစွဲရေး တိုက် တွန်းကြောင်း အဆိုကို ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က တင်သွင်းထားခဲ့သည်။
“ပြည်သူလူထုအတွက် အကျိုးဖြစ် ထွန်းမှု မရှိခြင်း၊ စီးပွားရေးအရ တွက် ခြေကိုက်မှု မရှိခြင်း၊ ဒေသဖွံ့ဖြိုးရေး အတွက် အထောက်အကူ မပြုခြင်းစတဲ့ အချက်တွေကြောင့် ဒီစီမံကိန်း ၂ ခုက ရပ်ဆိုင်းသင့်တယ် ဒါကြောင့် ဒီအဆိုကို ထောက်ခံတယ်”  ဟု ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးဇံက ပြောသည်။

 
ယင်းအဆိုကို အောက်တိုဘာ ၃ ရက်မှ စတင်ကျင်းပခဲ့သည့် ဒုတိယ အကြိမ် မွန်ပြည်နယ်လွှတ်တော် တတိ ယ ပုံမှန်အစည်းအဝေး ပထမနေ့တွင် လက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူရှိ သည့်အတွက် မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲ ပေးသူ ၂၉ ဦးအနက် ထောက်ခံမဲ ၂၀ မဲ၊ ကန့်ကွက်မဲ ၈ မဲနှင့် ပယ်မဲ ၁ မဲဖြင့် အဆိုကို မွန်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။ယခုကဲ့သို့ ပြောင်းလဲသုံးစွဲရေး တိုက်တွန်းကြောင်း အဆိုသည် လုပ်ထုံး လုပ်နည်း ဥပဒေအရ လွဲမှားနေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊  ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး ဦးဝဏ္ဏကျော်က ပြောသည်။

 
ဘဏ္ဍာနှစ်တစ်နှစ်သည် ဧပြီလ ၁ ရက်မှ နောက်နှစ် မတ် ၃၁ ရက်အထိ ဖြစ်သည့်အတွက် ဘဏ္ဍာနှစ်တစ်ခု အတွင်း လုပ်ဆောင်မည့် ကိစ္စများအား ပြောင်းလဲ ပြင်ဆင်ခြင်းကို ဧပြီလ ၁ ရက်မတိုင် ခင်သာ ပြုလုပ်နိုင်သည်ဟု ဦးဝဏ္ဏ ကျော်က ရှင်းပြသည်။

 
အစိုးရအနေဖြင့် အဆင့်မြင့် အစိုး ရဧည့်ရိပ်သာစီမံကိန်းလုပ်ငန်းကို ဩ ဂုတ်လ ၁၇ ရက်က လုပ်ကိုင်ခွင့်ရ ကုမ္ပဏီနှင့် လုပ်ငန်းအပ်နှံ စာချုပ်ချုပ် ဆိုခဲ့ပြီး ကုမ္ပဏီအနေဖြင့် လုပ်ငန်းလုပ် ကိုင်လျက်ရှိကာ လက်ရှိတွင် လုပ်ငန်း ၃၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟု ၎င်းက ပြောသည်။
ယခင် အစိုးရလက်ထက်က ရေးဆွဲ ခဲ့သည့် ဘတ်ဂျက်ဥပဒေအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ အိမ်ရာဝင်းအတွင်း အဆင့် မြင့်အစိုးရ ဧည့်ရိပ်သာဆောက်လုပ်ရန် အတွက်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သိန်း ပေါင်း ၁၁၂၀၀ နှင့် မွန်ပြည်နယ် ဥပဒေချုပ်ရုံးအသစ် တည်ဆောက်ရန် အတွက် ကျပ်သိန်းပေါင်း ၈၉၇၁ ကို ပြည်ထောင်စုအစိုးရမှ ဘဏ္ဍာငွေ ချထား ပေးခဲ့သည်။