စွန့်ပစ်ခံ မွေးကင်းစ ကလေးငယ် အား မွေးစားသူရှိက ခွင့်ပြုမည်

0
360

မြိတ်မြို့ မိခင်နှင့်ကလေးကုသ ဆောင်တွင် ပြုစုစောင့်ရှောက်ထားသည့် စွန့်ပစ်ခံထားရသည့် မွေးကင်းစ ကလေး ငယ်ကို မွေးစားမည်ဆိုက မွေးစားနိုင် ကြောင်း မြိတ်မြို့နယ် လူမှုဝန်ထမ်း ဦးစီးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။


အဆိုပါ စွန့်ပစ်ခံ မွေးကင်းစ မိန်း ကလေးငယ်ကို အောက်တိုဘာလ ၁ ရက်က သမုတ်ကျေးရွာအုပ်စုအနီးရှိ ရာဘာခြံအတွင်း လာရောက်စွန့်ပစ်ထား ခြင်းဖြစ်ကာ ရာဘာခြံအလုပ်သမားက တွေ့ရှိခဲ့ကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထိန်လင်းအင်က ပြောသည်။

 
အဆိုပါ ကလေးငယ်သည် လက်ရှိ တွင် ကျန်းမာရေးကောင်းမွန်လျက်ကြောင်း မိခင်နှင့်ကလေး ကုသဆောင်ရှိ ကျန်းမာ ရေး ဝန်ထမ်းတစ်ဦးက ပြောသည်။”မွေးစားမယ့်သူရှိရင် တိကျခိုင်မာ တဲ့စာချုပ်လိုပုံစံမျိုးနဲ့ မွေးစားလို့ရ တယ်”  ဟု မြိတ်မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။မွေးစားသည့်သူမရှိပါက ပြုစု စောင့်ရှောက်ပြီး ကျန်းမာရေး ကောင်းမွန် လာသည့်အခါ မော်လမြိုင်ရှိ ကလေးပြုစု ရေးဌာနကို လွှဲပို့သွားမည်ဟု လူမှုဝန် ထမ်းဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

 
ယင်းကလေးပြုစုရေးဌာနသည် မွေးကင်းစစွန့်ပစ်ကလေးများကို လက်ခံ သောဌာနတစ်ခုဖြစ်ကြောင်း လူမှုဝန် ထမ်းဦးစီးဌာနမှ သိရသည်။အဆိုပါ စွန့်ပစ်ကလေးငယ်နှင့်ပတ် သက်၍ မြိတ်မြို့နယ်ရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်နေကြောင်း ယင်းရဲစခန်းမှ သိရသည်။